တာချီလိတ်သို့ ထိုင်းဘက်က လွှဲလာမည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို ကြက်ခြေနီအသင်းက အကူအညီများ ပေးသွားရန် စီစဉ်

တာချီလိတ်သို့ ထိုင်းဘက်က လွှဲလာမည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို ကြက်ခြေနီအသင်းက အကူအညီများ ပေးသွားရန် စီစဉ်
သြဂုတ် 30, 2020
By Tachileik News Agency
တာချီလိတ်သို့ ထိုင်းဘက်က လွှဲလာမည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို ကြက်ခြေနီအသင်းက အကူအညီများ ပေးသွားရန် စီစဉ်
ထိုင်းနိုင်ငံကနေ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရပြီး တာချီလိတ်မြို့ကို လွှဲပြောင်းပေးအပ်လာတဲ့သူတွေကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက လူသားခြင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့ စီစဉ်နေရာမှာ အုပ်ချုပ်ရေးပိုင်းအနေနဲ့ သူတို့လိုအပ်တဲ့ အချက်အလက်တွေကို ကူညီဆောင်ရွက်ပေးသွားမယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒီလိုကူညီမှုတွေကို ၂၀၂၀ သြဂုတ်လအတွင်းက စတင်ခဲ့ပြီး လက်ရှိမှာ နေထိုင်စားသောက်စရိတ်နဲ့ သူတို့နေရပ်ပြန်ဖို့ ခရီးစရိတ်တွေကိုပါ ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ တာချီလိတ်ခရိုင်ကြက်ခြေနီအသင်းက ခရိုင်တပ်ဖွဲ့မှူးက ပြောပါတယ်။
မြဝတီမြို့မှာ NGO အဖွဲ့အစည်းတွေက ကူညီပေးမှုတွေရှိနေပေမယ့် တာချီလိတ်မြို့မှာ အလှူရှင်တွေရဲ့ အကူအညီနဲ့ဆောင်ရွက်နေရတဲ့အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ကူညီဆောင်ရွက်ပေးဖို့ ညှိနှိုင်းခဲ့ရတယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 
နယ်စပ်ဒေသဖြစ်တဲ့ တာချီလိတ်မြို့မှာတော့ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားကနေ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား တော်တော်များများကို ထိုင်းဘက်က အခုလို ကိုဗစ်နိုင်တီး ကာလအတွင်းမှာ  လွဲပြောင်းပေးလာတာတွေရှိသလို အဲ့လို လွဲပြောင်းခံရတဲ့သူတွေကလည်း ရှမ်းပြည်နယ်နဲ့ ဝေးတဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေက လူတွေလည်း ပါတဲ့တာကြောင့်  နေရပ်ပြန်ဖို့အတွက် လမ်းခရီးစရိတ် အခက်အခဲတွေရှိနေပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း 
သတင်း/ရိုက်ကူး -  ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~