နိုင်ငံရပ်ခြားမှ ဆေးကုသလိုသူများကို ဆေးရုံတွင် Quarantine ထား၍ ကုသမှုပေးမည့်အစီအစဉ် ထိုင်းနိုင်ငံတွင် ပြင်ဆင်နေ

နိုင်ငံရပ်ခြားမှ ဆေးကုသလိုသူများကို ဆေးရုံတွင် Quarantine ထား၍ ကုသမှုပေးမည့်အစီအစဉ် ထိုင်းနိုင်ငံတွင် ပြင်ဆင်နေ
ဇွန် 30, 2020
By 🌸
နိုင်ငံရပ်ခြားမှ ဆေးကုသလိုသူများကို ဆေးရုံတွင် Quarantine ထား၍ ကုသမှုပေးမည့်အစီအစဉ် ထိုင်းနိုင်ငံတွင် ပြင်ဆင်နေ

COVID 19 အတည်ပြုလူနာ တွေ့ရှိမှုလျော့နည်းလာပြီဖြစ်၍ ထိုင်းနိုင်ငံတွင် နိုင်ငံရပ်ခြားမှ လာရောက်ဆေးကုသမှုခံယူသူများကို  ဆေးရုံ quarantine ဖြင့် ကုသမှုပေးနိုင်ရန်   ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ဆေးကုသမှုခံယူရန် လာရောက်သူများအနေဖြင့် ဆေးရုံရှိ (၁၄) ရက် quarantine ခန်းတွင် ကုသမှုခံယူရမည့်အပြင် လူနာစောင့်များလည်း ဆေးရုံတွင် quarantine ဝင်ရမည်ဖြစ်ရာ ဆေးကုသစရိတ်အပြင် quarantine ကုန်ကျစရိတ်များကိုပါ လူနာက ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ဆေးကုသမှုခံယူလိုသူများအနေဖြင့် ဆေးကုသမှုအတွက် ကြိုတင်ချိတ်ဆက်မှု ပြုလုပ်ရမည်ဖြစ်ပြီး  ထိုင်းနိုင်ငံသို့ မလာမီ (၇၂)နာရီအတွင်း COVID 19 ဓာတ်ခွဲစစ်ဆေးမှုမှ ပိုးမတွေ့ရကြောင်း ဓာတ်ခွဲအဖြေကို တင်ပြရန် လိုအပ်မည့်အပြင် ထိုင်းနိုင်ငံတွင် နေထိုင်စဉ်ကာလအတွင်း COVID 19 စစ်ဆေးမှုကို (၃)ကြိမ် ထပ်မံပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အခြားနိုင်ငံများမှ ပြန်လာသည့် ထိုင်းနိုင်ငံသား လူနာများအနေဖြင့် quarantine ခန်းတွင် ကုသမှုခံယူရမည်ဖြစ်ပြီး ကျန်းမာရေးအာမခံအခွင့်အရေးများ တောင်းခံနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ဆောင်မှု ခရီးသွားလုပ်ငန်းမှ တိုင်းပြည် ဝင်ငွေရရှိရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ခရီးသွားနှင့် အားကစားဝန်ကြီးဌာနတို့က ဦးဆောင်သည့် ဆွေးနွေးနေကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Source: Bangkok Post


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~