တာချီလိတ်၊ နှင့် ကျိုင်းလပ်တို့တွင် စက်တင်ဘာလ(၃)ရက်နေ့ ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေး အခမဲ့ထိုးပေးမည့် သတ်မှတ် စုရပ်နေရာများ

တာချီလိတ်၊ နှင့် ကျိုင်းလပ်တို့တွင် စက်တင်ဘာလ(၃)ရက်နေ့ ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေး အခမဲ့ထိုးပေးမည့် သတ်မှတ် စုရပ်နေရာများ
စက်တင်ဘာ 2, 2020
By Tachileik News Agency
တာချီလိတ်၊  နှင့် ကျိုင်းလပ်တို့တွင် စက်တင်ဘာလ(၃)ရက်နေ့ ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေး အခမဲ့ထိုးပေးမည့် သတ်မှတ် စုရပ်နေရာများ 
တာချီလိတ်မြို့နယ်အတွင်း တာချီလိတ်နှင့် ကျိုင်းလပ်မြို့တို့တွင် ဆုံဆို့နာရောဂါကာကွယ်ဆေး အပါအဝင် အမှီလိုက် ကာကွယ်ဆေးထိုးနှံခြင်းအဖြစ် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့ နံနက် (၉)နာရီက စ၍   သတ်မှတ်စုရပ်များတွင် ဆက်လက်ထိုးနှံပေးသွားရန်အတွက် စုရပ်များကို ကျန်းမာရေးက အသိပေးထားရှိသည်။
တာချီလိတ်မြို့  ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဝမ်မိုင်ရွာရှိ ဝမ်မိုင်ရပ်ကွက်ရုံးတွင် လည်းကောင်း၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စုရှိ နမ့်ဝမ်း(၂)ဘုရားကျောင်းတွင် လည်းကောင်း၊ နမ်ငေါ့ကျေးရွာရှိ နမ့်ငေါ့ဆေးခန်းတွင် လည်ကောင်း နံနက်(၉)နာရီကစ၍ ထိုးနှံပေးမည် ဖြစ်သည်။ 
ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အကြောင်းအမျိုးမျိုးကြောင့် ထိုးနှံခဲ့ရခြင်း မရှိသည့် အသက် (၁၅)နှစ်အောက် ကလေးငယ်များကို အမှီလိုက်ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် တာချီလိတ်မြို့နယ်တွင်းဖြစ်သည့် တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့တို့တွင် ၂၀၂၀ခုနှစ် သြဂုတ်လ (၂၇)ရက်နေ့မှစ၍ စက်တင်ဘာလ(၆)ရက်နေ့အထိ (၁၀)ရက်ကြာ ထိုးနှံပေးသွားမည်ဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~