ဗီယက်နမ်နှစ်သစ်ကူးတွင် ချမ်းသာကြွယ်ဝသူများအကြိုက် နဂါးကြက်တစ်ကောင်၏ တန်ဖိုး မြန်မာငွေ သိန်း (၆၀) ဝန်းကျင်ရှိ

ဗီယက်နမ်နှစ်သစ်ကူးတွင် ချမ်းသာကြွယ်ဝသူများအကြိုက် နဂါးကြက်တစ်ကောင်၏ တန်ဖိုး မြန်မာငွေ သိန်း (၆၀) ဝန်းကျင်ရှိ
ဇန်နဝါရီ 19, 2023 | နိုင်ငံတကာသတင်း
By Mr John

ဗီယက်နမ်နိုင်ငံတွင်   ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့၌ ရောက်မည့် ဗီယက်နမ်နှစ်သစ်ကူးတွင် ချမ်းသာကြွယ်ဝသူများကြား ရေပန်းစားသည့် နဂါးကြက်ဟု တင်စားခေါ်ဝေါ်ကြသော ရှားပါးမျိုးနွယ် ကြက်တစ်ကောင်၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂,၀၀၀) (မြန်မာကျပ်ငွေ ၅၇ သိန်း) အထိ ဈေးကောင်းလှသည်ဟု ဆိုသည်။

 ဗီယက်နမ်မြောက်ပိုင်း Dong Tao ကျေးရွာတွင် သားပေါက်ခဲ့သည်ကို အစွဲပြု၍ Dong Tao ကြက်ဟုလည်း ခေါ်ကြသည့် အဆိုပါ ရှားပါးကြက်၏ တုတ်ခိုင်ကြီးမားသည့် ခြေထောက် (၂) ချောင်းကိုပင် ဒေါ်လာ (၁၅၀) (မြန်မာကျပ်ငွေ ၄ သိန်း ၂ သောင်းကျော်) ပေးရသည်ဟု AFP သတင်းဌာနက ဖော်ပြသည်။

နဂါးကြက် သို့မဟုတ် Tong Tao ကြက်၏ ခြေထောက်ဟင်းလျာမှာ အရသာထူးကဲသည်ဟု ဗီယက်နမ်လူမျိုးများက ယူဆထားကြပြီး အထူးသဖြင့် ချမ်းသာကြွယ်ဝသူများက Tet ဟု သိထားကြသည့် ဗီယက်နမ်နှစ်သစ်ကူးကာလအတွင်း ချမ်းသာကြွယ်ဝသူများကြား ရေပန်းစားကြောင်း သိရသည်။

 (၂) ပိသာခွဲနီးပါး (၂ ကီလိုဂရမ်) အလေးချိန်ရှိ နဂါးကြက်တစ်ကောင်၏ ခြေထောက်များက ခန္ဓာကိုယ်အလေးချိန်၏ (၅) ပုံ (၁) ပုံခန့်ရှိသည်ဟု ဆိုသည်။

နဂါးကြက်၏ အရသာထူးကဲမှု၏ အဓိက အကြောင်းရင်းမှာ ပြောင်းနှင့်ဆန်ကိုစားပြီး လွတ်လပ်စွာ သွားလာကျက်စားနိုင်သည့် လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူခြင်းဖြစ်ကြောင်း ဟနွိုင်းမြို့အနီးရှိ ကြက်မွေးမြူရေးခြံပိုင်ရှင် Le Van Hien က AFP ကို ပြောခဲ့သည်။

 "ကြက်တွေက လျှောက်သွားတာများလေ သူတို့ရဲ့ ကြွက်သားတွေ သန်မာပြီး ကြီးထွားလေပဲ" ဟု ၎င်းကဆိုသည်။ 

Hien က နဂါးကြက်များ  မွေးမြူလာခဲ့သည်မှာ (၁၅) နှစ်ကြာပြီလည်း ဖြစ်သည်။



(အမေရိကန် ၁ ဒေါ်လာ = မြန်မာကျပ် ၂,၈၅၀)

Source: AFP

Photo: AFP, AFP/Nhac Nguyễn, Nhac NGUYEN / AFP,