ကျူးကျော်စစ်အတွင်း ရုရှားစစ်တပ်၏ သံချပ်ကာ အစီးရေ ခန့်မှန်းခြေ (၅၀၀)ကျော် ဖျက်ဆီးလိုက်နိုင်ကြောင်း ယူကရိန်းဘက်က သတင်းထုတ်ပြန်

 ကျူးကျော်စစ်အတွင်း ရုရှားစစ်တပ်၏ သံချပ်ကာ အစီးရေ ခန့်မှန်းခြေ (၅၀၀)ကျော် ဖျက်ဆီးလိုက်နိုင်ကြောင်း ယူကရိန်းဘက်က သတင်းထုတ်ပြန်
ဖေဖော်ဝါရီ 26, 2022 | နိုင်ငံတကာသတင်း

ယူကရိန်းနိုင်ငံသို့ ရုရှား၏ ကျူးကျော်တိုက်ခိုက်လာသည့် (၁)ရက်ကျော်အတွင်း   ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ဒေသစံတော်ချိန် ညနေ(၃)နာရီဝန်းကျင်အထိ ခန့်မှန်းခြေ ရုရှားစစ်သား (၂၈၀၀)သေဆုံးပြီး ရုရှားစစ်တပ်၏  သံချပ်ကာ (၅၀၀)ကျော်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီးက သတင်းထုတ်ပြန်ထားသည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့က စ၍ ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ဒေသစံတော်ချိန် ညနေ(၃)နာရီဝန်းကျင်အထိ ကုန်းကြောင်း၊ လေကြောင်းဖြင့် ကျူးကျော်လာပြီး တိုက်ခိုက်လာသည့် ရုရှားစစ်တပ်၏ ခန့်မှန်းခြေ ရုရှားစစ်သား (၂,၈၀၀) သေဆုံးပြီး သံချပ်ကာ (၅၁၆)စီး၊ တင့်ကားအစီး (၈၀)၊ တိုက်လေယာဉ်(၁၀)စီး နှင့် ရဟတ်ယာဉ် (၇)စီး ဖျက်ဆီးနိုင်ခဲ့သည်ဟု ဒုတိယကာကွယ်ရေးဝန်ကြီး ဟန်နာမာလီယာက သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

လတ်တလောတွင် ဒုတိယကာကွယ်ရေးဝန်ကြီးက ရုရှားဘက်က သေဆုံးသူ နှင့် စက်လက်နက်ယန္တရား ပျက်စီးမှုများ၏ ခန့်မှန်းခြေကိုသာ ထုတ်ပြန်ထားခြင်းဖြစ်ပြီး  ယူကရိန်းဘက်က သေဆုံးထိခိုက်မှုကိုတော့ 

ဖေဖော်ဝါရီလ (၂၄)ရက်နေ့ တစ်နေ့တည်း၏ သေဆုံးသူ (၁၃၇)ဦးနှင့်း ဒဏ်ရာရရှိသူ (၃၁၆)ဦးစာရင်းသာ ထုတ်ပြန်ထားသေးးသည်။

ယူကရိန်းဘက်သို့ ကျူးကျော် တိုက်ခိုက်လာသည့် စစ်လေယာဉ်နှင့်ရဟတ်ယာဉ်များကို ပစ်ချရာတွင် အချို့ လေယာဉ်များမှာ နေအိမ်များပေါ်သို့ ပျက်ကျသည့်အတွက် နေအိမ်မီးလောင်ပျက်စီးမှုများအထိ ဖြစ်ပေါ်ခဲ့ရသည်ကိုလည်း ယူကရိန်းမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

ကျူးကျော်လာသည့် ရုရှားစစ်တပ်ဘက်က သေဆုံးသူများရှိသလို အရှင်ဖမ်းမိသူများကိုလည်း ယူကရိန်းစစ်တပ်က ထိန်းသိမ်းထားရှိသည်ဟုလည်း သတင်းထုတ်ပြန်ထားရှိသည်။

ရုရှားဘက်က ကုန်းကြောင်း၊ လေကြောင်းများဖြင့် အဆက်မပြတ် တိုက်ခိုက်လာမှုအပေါ် ယူကရိန်းစစ်သားများက  အနာဂတ်အတွင် တိုက်ပွဲဝင်နေပြီး သူရဲကောင်းဆန်ဆန်ဖြင့် တိုက်ခိုက်နေမှုများအတွက် ယူကရိန်းစစ်တပ်ကို ဂုဏ်ပြုကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်ဆီ ရက်ဇ်နီးကော့ဗ်က သတင်းထုတ်ပြန်ထားသည်။



Source: Міністерство оборони України , Ганна Маляр, ДСНС України,