တာချီလိတ်မြို့နယ်အတွင်း မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမ (၇၂) ဦးတွင် COVID 19 ပိုးမတွေ့

တာချီလိတ်မြို့နယ်အတွင်း မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမ (၇၂) ဦးတွင် COVID 19 ပိုးမတွေ့
အောက်တိုဘာ 19, 2020
By 🌸
တာချီလိတ်မြို့နယ်အတွင်း မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမ (၇၂) ဦးတွင် COVID 19 ပိုးမတွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှ ဆရာ၊ ဆရာမ (၇၂) ဦးကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ (၁၉) ရက်နေ့တွင် RTD ဖြင့် COVID-19 စစ်ဆေးရာတွင် Negative အဖြေရကြောင်း သိရသည်။
“တာချီလိတ်မြို့နယ်အတွင်းတော့ စစ်တာတွေ ပြီးသွားပါပြီ။ ခရိုင်အတွင်းမှာ မိုင်းယောင်းစစ်တာပြီးပြီ။ ရဲတွေလည်း အကုန်စစ်ပေးပြီးပြီ။ အားလုံး Negative ပါ။ “ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲ မဲရုံများ၌ မဲရုံမှူးတာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား မဲရုံမှူးသင်တန်းမစတင်မီ RTD ဖြင့် COVID 19 စစ်ဆေးပေးခြင်းဖြစ်ကြောင်း သိရသည်။
" အခုလာမယ့် (၂၁) ရက်နေ့မှာ ဆရာ၊ ဆရာမတွေအပါအဝင် မဲရုံမှာတာဝန်ထမ်းဆောင်မယ့်ဝန်ထမ်းတွေရော မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်သင်တန်းတွေပေးဖို့ရှိပါတယ်။ အဲဒီမှာ ရပ်ဝေးကနေပြန်ရောက်လာတဲ့ ဆရာ၊ ဆရာမ (၇၂) ဦးကို သင်တန်းအမီတက်ရောက်နိုင်ဖို့အတွက် Test Kid တွေနဲ့စစ်ဆေးပေးဖို့ ပြီးခဲ့တဲ့ စနေနေ့က အစည်းအဝေးဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများတွင်တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင် (၇၄) ဦးကိုလည်း အောက်တိုဘာလ (၁၂) ရက်နေ့တွင် RTD ဖြင့် COVID-19 ရောဂါပိုးစစ်ဆေးပေးခဲ့ပြီးဖြစ်သည်။
Tachileik News Agency
သတင်း၊ ဓာတ်ပုံ - ဟန်စိုးထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~