ကျောက်မဲ၊ သီပေါနှင့် နောင်ချို KBZ ဘဏ်ခွဲများ ယာယီပိတ်ထားရာမှ ဇွန် (၂၉) ရက်နေ့တွင် ပြန်ဖွင့်မည်

ကျောက်မဲ၊ သီပေါနှင့် နောင်ချို KBZ ဘဏ်ခွဲများ ယာယီပိတ်ထားရာမှ ဇွန် (၂၉) ရက်နေ့တွင် ပြန်ဖွင့်မည်
ဇွန် 24, 2020
By 🌸
ကျောက်မဲ၊ သီပေါနှင့် နောင်ချို KBZ ဘဏ်ခွဲများ ယာယီပိတ်ထားရာမှ ဇွန် (၂၉) ရက်နေ့တွင် ပြန်ဖွင့်မည်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့များရှိ ကမ္ဘောဇဘဏ်ခွဲများကို ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားမည်ဟု ကြေညာထားရာမှ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

“ယာယီပိတ်ထားတဲ့ ဘဏ်ခွဲ (၃) ခုလုံးကို လာမယ့် တနင်္လာနေ့ ( ဇွန် ၂၉ ရက်နေ့) မှာ ပြန်ဖွင့်တော့မှာ ဖြစ်ပါတယ်။ ငွေလွှဲငွေထုတ်နဲ့ ဘဏ်လုပ်ငန်းဆိုင်ရာအားလုံးကို အဲဒီနေ့ကစပြီး ပုံမှန်အတိုင်း ပြန်ပြီး ဝန်ဆောင်မှုပေးသွားမှာပါ” 

ဟု ကမ္ဘောဇဘဏ်ဝန်ထမ်းတစ်ဦးဖြစ်သည့် ဒေါ်အေးအေးမွန် က တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ (၂၄) ရက်နေ့တွင် ပြောသည်။

အဆိုပါ ဘဏ်ခွဲ (၃)ခုကို Covid-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ဇွန်လ ၂၂ ရက်ကစတင်၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားမည်ဟု ကြေညာထားခဲ့ခြင်းဖြစ်သည်။

ကျောက်မဲတွင် မြန်မာ့စီးပွားရေးဘဏ်၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် ကမ္ဘာ့ရတနာ ဘဏ်တို့လဲရှိပြီး ကမ္ဘောဇဘဏ်တစ်ခုတည်းသာ ယာယီပိတ်ထားရန် ကြေညာခဲ့ခြင်းဖြစ်ကာ ဇွန်လ ၂၉ ရက်တွင် ပုံမှန်အတိုင်း ပြန်ဖွင့်သွားမည် ဖြစ်သည်ဟု သိရသည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~