ကိုးကန့်ဒေသ မူပန်မြို့ကို အာဏာသိမ်းစစ်တပ်၏ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်၊ သေဆုံးမှုများရှိ

ကိုးကန့်ဒေသ မူပန်မြို့ကို အာဏာသိမ်းစစ်တပ်၏ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်၊ သေဆုံးမှုများရှိ

 ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ဒေသရှိ မူပန်မြို့တွင် အရပ်သားများ နေထိုင်ရာနေရာကို အာဏာသိမ်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်၍ အရပ်သား သေဆုံး၊ ထိခိုက်မှုများရှိကြောင်း The Kokang က သတင်းထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား ပျက်စီးသွားသည့်အပြင် အရပ်သား (၁၀)ဦး ဒဏ်ရာရကာ (၁)ဦး သေဆုံးသွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် ဧပြီလ (၂၆)ရက်နေ့ည (၁၁)နာရီခွဲဝန်းကျင်တွင် လေယာဉ်ဖြင့်  လေနေအိမ်များအပေါ် ဗုံး (၂)လုံး ကြဲချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် အရပ်သားနေရာများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကို  နေရာအနှံ့အပြားတွင် အကြိမ်ရေစိပ်စိပ် လုပ်ဆောင်လာသည်ကို တွေ့ရပြီး ဧပြီလ (၁၁)ရက်နေ့ကလည်း  စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို တိုက်ခိုက်မှုအတွင်း လူပေါင်း (၁၆၈)ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည်။

 

ယင်းအပြင် ဧပြီလ (၂၅)ရက်နေ့ကလည်း တိုက်ပွဲမရှိဘဲ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ဆောင်ဖွေးဆေးရုံကို လေကြောင်းမှ တိုက်ခိုက်ခဲ့သေးသည်။