ကျောက်မဲမြို့တွင် မှတ်ပုံတင်လျှောက်ထားရာ၌ Covid-19 ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရန် အမြန်ဆုံးနှင့် အခမဲ့ လုပ်ဆောင်ပေးနေ

ကျောက်မဲမြို့တွင် မှတ်ပုံတင်လျှောက်ထားရာ၌ Covid-19 ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရန် အမြန်ဆုံးနှင့် အခမဲ့ လုပ်ဆောင်ပေးနေ
နိုဝင်ဘာ 19, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် မှတ်ပုံတင်လျှောက်ထားရာ၌ Covid-19 ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရန် အမြန်ဆုံးနှင့် အခမဲ့ လုပ်ဆောင်ပေးနေ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးလျှောက်ထားမှုများနှင့် ပတ်သက်ပြီး Covid-19 ကာလတွင် လူစုလူဝေးမဖြစ်စေရန်အတွက် အမြန်ဆုံး နှင့် အခမဲ့ ဆောင်ရွက်ပေးနေကြောင်း မြို့နယ်လဝကဦးစီးမှူးက ပြောကြားလိုက်သည်။
“အဓိက ကတော့ ကိုဗစ်ကာလဖြစ်တဲ့အတွက် ရုံးထဲမှာ လူစုလူဝေး မဖြစ်စေဖို့ အဲ့လို မြန်ဆန်လွယ်ကူအောင် ဝန်ထမ်းတွေကနေ ဆောင်ရွက်ပေးနေပါတယ်၊ မှတ်ပုံတင်ပျောက်လို့ ပြန်လာလျှောက်တာရယ် မှတ်ပုံတင် အသစ် (၁၀)နှစ်ပြည့် (၁၈)နှစ်ပြည့် လျှောက်တာရယ်တွေအတွက် အထူးသဖြင့် သတ်မှတ်ထားတဲ့ (၁၄)ရက်အထိ မကြာစေရအောင် အခမဲ့ လုပ်ပေးပါတယ်၊ မှတ်ပုံတင်လုပ်ဖို့အတွက် လိုအပ်တဲ့ အချက်တွေကိုလဲ မြန်မာ၊ ရှမ်း၊ တအာင်း ဘာသာတွေနဲ့ ကြေညာပေးထားသလို ဌာနက ဝန်ထမ်းတွေ ဆက်ဆံရေးအဆင်မပြေတာ ရှိရင်လဲ ချက်ချင်းတိုင်ကြားလို့ရအောင် စာထုတ်ပြီးကြေညာပေးထားပါတယ်”ဟု ကျောက်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထိန် က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာ (၁၉)ရက်တွင်  ပြောသည်။
ပျောက်ဆုံးမှတ်ပုံတင်အတွက် ပြန်လည်လျှောက်ထားခြင်းနှင့် အသက် (၁၀)နှစ်  နှင့် (၁၈)နှစ် ပြည့် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားခြင်းတို့အတွက် ငွေကြေးတစုံတရာ ပေးဆောင်ရန်မလိုအပ်ဘဲ ရပ်ကွက်၊ ရဲစခန်း ထောက်ခံစာများနှင့် သတ်မှတ်ထားသော စာရွက်စာတမ်းများသာ ပြည့်ပြည့်စုံစုံ ယူဆောင်လာရန် လိုအပ်ကြောင်း၎င်းက ပြောသည်။
ဌာနသို့ လာရောက်သူများအတွက် လူစုလူဝေး မဖြစ်ပေါ်စေရန် လိုအပ်သည့်အချက်အလက်များကို သက်ဆိုင်ရာ ဌာနဝန်ထမ်းများထံ အပ်နှံ၍ ဆက်သွယ်ရန် ဖုန်းနံပါတ်ထားခဲ့ပြီး မိမိတို့ လုပ်ဆောင်လိုသည့် မှတ်ပုံတင်၊ အိမ်ထောင်စု စသည်တို့ကို ရရှိချိန်၌ ဖုန်းဖြင့်ဆက်သွယ်ကာ လာယူစေသည့် စနစ်ကို အသုံးပြုနေသည်ဟု သိရသည်။
ထိုသို့ လုပ်ဆောင်ပေးခြင်းတွင် ကျောက်မဲမြို့နယ်အတွင်း အမှန်တကယ်နေထိုင်သူ တိုင်းရင်းသားများ အတွက်သာဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~