ကိုးကန့်‌ဒေသ ဝမ့်နင်ကျွမ်စခန်းနှင့် ရှီးရှမ်ဒေသရှိ စစ်ကောင်စီတပ် စခန်းများကို MNDAA သိမ်းပိုက်

ကိုးကန့်‌ဒေသ ဝမ့်နင်ကျွမ်စခန်းနှင့် ရှီးရှမ်ဒေသရှိ စစ်ကောင်စီတပ် စခန်းများကို MNDAA သိမ်းပိုက်
နိုဝင်ဘာ 3, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ခရိုင်၊ ဝမ့်နင်ကျွမ်စခန်းနှင့် ရှီးရှမ်ဒေသ သာရွှေထန်ရွာအုပ်စု၊ ချောက်ပါးကျိုင့်တပ်စခန်းများကို မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့တွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် ကိုးကန့်ဒေသ ချောက်ပါးကျိုင့်နေရာရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သိမ်းယူနိုင်ခဲ့သည့်အပြင် ဝမ့်နင်ကျွမ်၊ ရှီမိန်ခိုင်နှင့် ကျန်ကြားလယ်ကွင်း တပ်စခန်း(၃)ခုကိုလည်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ (၂)ရက်နေ့ကလည်း သိန္နီမြို့နယ်ရှိ မေဟန်ကျေးရွာအနီးရှိ စစ်‌ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို MNDAAက ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိ MNDAAမှ စစ်ကောင်စီ၏ စခန်း အကြီး၊ အသေးနှင့် ယာယီတပ်စခန်း စုစုပေါင်း (၉၇)ခုကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : The Kokang