ထိုင်းနယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်ပေးရန် ထိုင်းလုပ်ငန်းရှင်များက အစိုးရကို တိုက်တွန်း တောင်းဆို

ထိုင်းနယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်ပေးရန် ထိုင်းလုပ်ငန်းရှင်များက အစိုးရကို တိုက်တွန်း တောင်းဆို
ဇွန် 12, 2020
By Tachileik News Agency

ထိုင်းနယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်ပေးရန် ထိုင်းလုပ်ငန်းရှင်များက အစိုးရကို တိုက်တွန်း တောင်းဆို 

ထိုင်းနိုင်ငံတွင် ခရီးသွားလုပ်ငန်းများနှင့် နယ်စပ်ကုန်သွယ်ရေးဆက်စပ်လုပ်ငန်းများကို အမြန်ဆုံး ဖြေလျော့ပေးရန် နှင့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပေးရန် စီးပွားရေးလုပ်ငန်းရှင်များက အစိုးရကို တိုက်တွန်းနေကြကြောင်း သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဂိတ်များ ပိတ်ထားစဉ် ကာလအတွင်း တရုတ်၊ ဗီယက်နမ်နှင့် မလေးရှား ထုတ်ကုန်များ ကုန်သွယ်နေသည့် ထိုင်းနိုင်ငံ၏ဈေးကွက်ဝေစုကို ကမ္ဘောဒီယားက ရရှိနေပြီဖြစ်ကြောင်း ထောက်ပြထားပြီး အိမ်နီးချင်းနိုင်ငံများသို့ နေ့စဉ်သုံးကုန်စည်ပို့ဆောင်ရေးဈေးကွက်အတွက် ထိုင်းနယ်စပ်ဂိတ်များ ပြန်ဖွင့်ပေးရန် ထိုင်းကုန်သည်များအသင်းက အစိုးရကို တောင်းဆိုထားကြောင်း သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် အလုပ်လက်မဲ့ တိုးလာမှုနှင့် စီးပွားကျကာလကို ထိန်းချုပ်နိုင်ရန် စီးပွားရေးလုပ်ငန်းများကို ရောဂါကာကွယ်ရေးအတွက် ထိန်းချုပ်ထားမှုအား ဖြေလျော့ပေးရန် လိုအပ်မည်ဟု ထိုင်းကုန်သည်လုပ်ငန်းရှင်များအသင်းက တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံအနေဖြင့် ဒုတိယ လေးလပတ်နှင့် တတိယလေးလပတ်ကာလများအတွင်း အလုပ်အကိုင်ပေါင်း (၁၄.၄) သန်းဆုံးရှုံးဖွယ်ရှိမည်ဟု ခန့်မှန်းထားပြီး ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆက်စပ်သည့် အလုပ်အကိုင်ပေါင်း (၂.၅) သန်း အလုပ်ဆုံးရှုံးရနိုင်ဖွယ်ရှိနေကာ၊ စက်မှုလုပ်ငန်းမှ အလုပ်အကိုင်ပေါင်း (၁.၅) သန်းနှင့် အခြားဝန်ဆောင်မှုကဏ္ဍများမှ အလုပ်အကိုင်ပေါင်း (၄.၄)သန်း ဆုံးရှုံးဖွယ်ရှိသည်ဟု အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးကောင်စီက ခန့်မှန်းထားကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် မြန်မာ ၊ လာအို၊ ကမ္ဘာဒီးယား နှင့် မလေးရှားနိုင်ငံ စသည့် နယ်စပ်ဂိတ်များတွင် Covid-19 ကာကွယ်ရေးအတွက် လူအဝင်အထွက် အဓိကဖြစ်စေ ဂိတ်ပေါက်များ အား ပိတ်ထားခြင်း ဖြစ်သည်။

Tachileik News Agency
Ref: Bangkok Post


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~