ကိုဗစ်ကာလအတွင်း တားမြစ်မိန့်အရ (၄)ဦးထက်ပိုပြီး လူစုလူဝေးဖြင့် နေထိုင်ခြင်း၊ စုဝေးစားသောက်ပျော်ပါးခြင်း မပြုလုပ်ရ

ကိုဗစ်ကာလအတွင်း တားမြစ်မိန့်အရ (၄)ဦးထက်ပိုပြီး လူစုလူဝေးဖြင့် နေထိုင်ခြင်း၊ စုဝေးစားသောက်ပျော်ပါးခြင်း မပြုလုပ်ရ
ဇွန် 25, 2020
By Tachileik News Agency
သင်သိပါသလား ….. COVID 19 ကာကွယ်ရေး ဒေသန္တရအမိန့်အရ အများပြည်သူနေရာများမှာ (၄)ဦးထက်ပိုပြီး လူစုလူဝေးဖြင့် နေထိုင်ခြင်း၊ စုဝေးစားသောက်ပျော်ပါးခြင်း မပြုလုပ်ရဘူးဆိုတာ

COVID 19 ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရန်အတွက် မဖြစ်မနေ လိုက်နာကျင့်သုံးရမည့် အချက် (၄) ချက်တွင် တတ်နိုင်သမျှ မိမိတို့နေအိမ်တွင်သာ နေထိုင်ပြီး လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ(လုံးဝ) မသွားကြရန် ပါဝင်ပါသည်။

မြန်မာနိုင်ငံတွင် အတည်ပြုလူနာများ၏ ထက်ဝက်ကျော်မှာ ရောဂါလက္ခဏာမပြဘဲ  COVID 19 ကူးစက်ခံထားသူများဖြစ်၍ ကျန်းမာသည်ဟု ထင်ရသော်လည်း ဗိုင်းရပ်စ်ကူးစက်ခံထားသူများ ရှိနေနိုင်၍ လူစုလူဝေးပြုလုပ်ခြင်းဖြင့် လူအများအပြားသို့ အလျင်အမြန် ကူးစက်နိုင်မည်ဖြစ်၍ ကူးစက်မြန် COVID 19 ပျံ့နှံ့ကူးစက်မှု မရှိစေရေး ကာကွယ်ရေးအတွက် မဖြစ်မနေ လိုက်နာရမည့် အချက်(၄)ချက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထည့်သွင်းလမ်းညွှန်ထားခြင်းကို ဒေသန္တရအမိန့်ဖြင့် စည်းကြပ်ထားခြင်းဖြစ်ပါသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~