ကျိုင်းတုံဆေးရုံတွင် ကုသမှုခံယူနေသည့် မိုင်းတုံမြို့က COVID 19 အတည်ပြုလူနာ အောက်တိုဘာ ၂၅ ရက်နေ့၌ ဆေးရုံဆင်းမည်

ကျိုင်းတုံဆေးရုံတွင် ကုသမှုခံယူနေသည့် မိုင်းတုံမြို့က COVID 19 အတည်ပြုလူနာ အောက်တိုဘာ ၂၅ ရက်နေ့၌ ဆေးရုံဆင်းမည်
အောက်တိုဘာ 23, 2020
By Tachileik News Agency

ကျိုင်းတုံဆေးရုံတွင် ကုသမှုခံယူနေသည့် မိုင်းတုံမြို့က COVID 19 အတည်ပြုလူနာ အောက်တိုဘာ ၂၅ ရက်နေ့၌ ဆေးရုံဆင်းမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကုသမှုခံယူနေသည့် COVID 19 အတည်ပြုလူနာ ကျန်းမာရေးဝန်ထမ်းမှာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့၌ ဆေးရုံဆင်းခွင့်ရမည်ဖြစ်ပြီး မိုင်းပျဉ်းမှ အတည်ပြုလူနာ (၂)နှစ်အရွယ် ကလေးငယ်မှာ ကျန်းမာရေးအခြေအနေကောင်းနေကြောင်း သိရသည်။
"ကျိုင်းတုံ လူနာက တနင်္ဂနွေနေ့ကို ဆင်းပါမယ်။ မိုင်းပျဉ်းက ကလေးကလည်း အခြေအနေကောင်းပါတယ်။"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ သောကြာနေ့တွင် ပြောသည်။
ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေသည့် အတည်ပြုလူနာမှာ မိုင်းတုံမြို့အဝင်တွင် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား COVID 19 စစ်ဆေးပေးရာမှ အောက်တိုဘာလ (၁၃)ရက်နေ့၌ အတည်ပြုလူနာနှင့် ထိတွေ့ဖြစ်ခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မိုင်းတုံ၊ မိုင်းဆတ်၊ ကျိုင်းတုံနှင့် မိုင်းပျဉ်းတို့တွင် အတည်ပြုလူနာ (၁)ဦးစီကို ကုသပေးနေရာမှ အောက်တိုဘာလ (၂၃)ရက်နေ့၌ မိုင်းတုံနှင့် မိုင်းဆတ်မှ အတည်ပြုလူနာ (၂)ဦး ဆေးရုံဆင်းပြီဖြစ်ပြီး အောက်တိုဘာလ (၂၅)ရက်နေ့၌ ကျိုင်းတုံဆေးရုံမှ မိုင်းတုံမြို့က အတည်ပြုလူနာ ကျန်းမာရေးဝန်ထမ်း (၁)ဦး ဆေးရုံဆင်းမည် ဖြစ်သည်။
မိုင်းပျဉ်းတွင် ရန်ကုန်ကပြန်လာပြီးနောက် Covid-19 စစ်ဆေးတွေ့ရှိ၍ ကုသမှုခံယူနေဆဲဖြစ်သည့် အသက် (၂)နှစ်အရွယ် ကလေးငယ်မှာလည်း ကျန်းမာရေးအခြေအနေ ကောင်းမွန်နေကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~