ကျောက်မဲမြို့တွင်းသို့ ဝင်မည့် ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များကို Quarantine ထားကာ Covid-19 စစ်

ကျောက်မဲမြို့တွင်းသို့ ဝင်မည့် ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များကို Quarantine ထားကာ Covid-19 စစ်
အောက်တိုဘာ 5, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင်းသို့ ဝင်မည့် ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များကို Quarantine ထားကာ Covid-19 စစ်
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို ဝင်လာတဲ့ ကုန်တင်ယာဉ်နဲ့ အဝေးပြေးယာဉ်တွေရဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်များကို  facility quarantine ထားရှိပြီးတော့ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးမှု လုပ်ဆောင်ပေးနေပါတယ်။
ကျောက်မဲမြို့ကို လာတဲ့  ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေကို စစ်ဆေးရာကနေ အောက်တိုဘာလ (၄)ရက်နေ့က တွေ့ရတဲ့ Covid-19 အတည်ပြုလူနာဖြစ်တဲ့ ယာဉ်နောက်လိုက်တစ်ဦးနဲ့ပတ်သက်ပြီး  သူနဲ့ထိတွေ့သူများရဲ့ ဓာတ်ခွဲနမူနာတွေကိုလည်း ဓာတ်ခွဲခန်းပို့စစ်သွားမယ်လို့ သိရပါတယ်။
ကျောက်မဲမြို့ကိုဝင်မယ့် ကုန်တင်ယာဉ်၊ အဝေးပြေးယာဉ်အားလုံးကို ယာဉ်မောင်းလဲလှယ်ပြီးမှ မြို့ထဲဝင်စေပြီးတော့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို facility quarantine ထားရှိကာ စစ်ဆေးပေးနေတာဖြစ်ပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~