သင်သိပါသလား ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာ

သင်သိပါသလား ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာ
ဇန်နဝါရီ 28, 2021 | Covid-19

သင်သိပါသလား ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာ

မြန်မာနိုင်ငံတွင် လက်ရှိ ထိုးနှံပေးနေသည့် ကိုဗစ်ကာကွယ်ဆေး COVISHIELD/ Astrazeneca ကာကွယ်ဆေး ထိုးနှံထားလျှင် ဆေးထိုးသည့်နေရာတွင် နာခြင်း၊ နီခြင်း၊ ရောင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးချိခြင်း၊ မအီမသာဖြစ်ခြင်း၊ အဖျားတက်ခြင်းစတဲ့ သာမန်လက္ခဏာများ ပြတတ်ပါတယ်။

လူ (၁၀)ဦးမှာ (၁)ဦးခန့်ကတော့ 

ဆေးထိုးသည့်နေရာတွင် အကြိတ်ငယ်ဖြစ်ခြင်း၊ ဖျားခြင်း၊ အန်ခြင်း၊ ရာသီတုပ်ကွေးလက္ခဏာများ ပြတတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

လူ (၁၀၀)ဦးလျှင် (၁)ဦးခန့်ကတော့

မူးဝေခြင်း၊ ယားယံခြင်း၊ ချွေးထွက်လွန်ခြင်း၊ အစားစားချင်စိတ်လျော့နည်းခြင်း၊ ဗိုက်အောင့်ခြင်း၊ ပြန်ရည်ကြိတ်များကြီးခြင်းတို့ ဖြစ်တတ်ပါတယ်။

ကာကွယ်ဆေးထိုးပြီးရင် ဓာတ်မတည့်ခြင်း၊ ပြင်းထန်ဘေးထွက်ဆိုးကျိုးပြခြင်းများကို စစ်ဆေးနိုင်ဖို့ ဆေးထိုးပြီးစောင့်ဆိုင်းရန် နေရာမှာ မိနစ် (၃၀) မဖြစ်မနေ စောင့်ဆိုင်းရပါမယ်။

.

COVISHIELD ကာကွယ်ဆေးကို (၂) ကြိမ်ထိုးနှံရမှာဖြစ်ပါတယ်။

ကိုးကား - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန