Page Nav

HIDE

Page Nav

HIDE

Grid

GRID_STYLE

Grid

GRID_STYLE

Classic Header

{fbt_classic_header}

Header Ad

//

Breaking News

latest

ဆောင်းပါးများ

//

တာချီလိတ်သို့ လာအို နှင့် ထိုင်းက ပြန်လာမည့် နေရပ်ပြန်များကို Covid-19 ပိုး ဓါတ်ခွဲ စစ်ဆေးပြီးမှ နေရပ်ပြန်ခွင့်ပြုမည်

တာချီလိတ်သို့ လာအို နှင့် ထိုင်းက ပြန်လာမည့် နေရပ်ပြန်များကို Covid-19 ပိုး ဓါတ်ခွဲ စစ်ဆေးပြီးမှ နေရပ်ပြန်ခွင့်ပြုမည် ထိုင်းနိုင်ငံ...


တာချီလိတ်သို့ လာအို နှင့် ထိုင်းက ပြန်လာမည့် နေရပ်ပြန်များကို Covid-19 ပိုး ဓါတ်ခွဲ စစ်ဆေးပြီးမှ နေရပ်ပြန်ခွင့်ပြုမည်

ထိုင်းနိုင်ငံ နဲ့ လာအိုနိုင်ငံကနေ တာချီလိတ်နယ်စပ်ပေါက်ကို ဝင်လာတဲ့ နေရပ်ပြန် မြန်မာနိုင်ငံသားများကို အရင်ကလို တခါတည်း နေရပ်ဒေသအသီးသီးကို ပို့ဆောင်တဲ့ စနစ်မလုပ်တော့ဘဲ  Covid-19 ရောဂါပိုး ရှိမရှိ စစ်ဆေးပြီးမှ ရရှိလာတဲ့ အဖြေပေါ်မူတည်ပြီး နေရပ်ဒေသအသီးသီးကို ပြန်ခွင့်ပေးမှာ ဖြစ်ပါတယ်။

တာချီလိတ်ကို ရောက်ရှိလာမဲ့ လာအိုနဲ့ ထိုင်းနိုင်ငံက နေရပ်ပြန်များကို တာချီလိတ်မှာ ရှိတဲ့ မိုးကုတ်တရားရိပ်သာမှာ (၃-၄)ရက် facility quarantine ထားရှိပြီး ဓါတ်ခွဲနမူနာတွေ ရယူပြီး စစ်ဆေးမဲ့ အစီအစဉ်များနဲ့ ပတ်သက်ပြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီကို အခုလို ပြောပြထားပါတယ်၊။

နယ်စပ်ဒေသ တာချီလိတ်မြို့ကို ထိုင်းနိုင်ငံ မယ်ဆိုင် ဘက်ကလည်း ဝင်ရောက်လာသူများရှိသလို  လာအိုနိုင်ငံ မိုင်းမောဆိပ်ကမ်းကနေ နေရပ်ပြန် မြန်မာနိုင်ငံသား (၂၃၁)ဦးလည်း မေလအကုန်ဝန်းကျင်မှာ ပြန်လာဖို့ ရှိပါသေးတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း ၊ ရိုက်ကူး - ချယ်ရီထိုက်




~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~


Header Ad

//