တာချီလိတ်တွင် ဒုတိယမြောက် ကျန်းမာရေးဝန်ထမ်း COVID-19 အတည်ပြု လူနာတစ်ဦး ထပ်တိုး

တာချီလိတ်တွင် ဒုတိယမြောက် ကျန်းမာရေးဝန်ထမ်း COVID-19 အတည်ပြု လူနာတစ်ဦး ထပ်တိုး
ဧပြီ 20, 2020
By Tachileik News Agency
တာချီလိတ်တွင် ဒုတိယမြောက် ကျန်းမာရေးဝန်ထမ်း COVID-19 အတည်ပြု လူနာတစ်ဦး ထပ်တိုး

COVID 19 အတည်ပြုလူနာ (၆) ဦး ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့က အသစ်ထပ်တိုးလာရာ တာချီလိတ်မှ အသွားအလာ ကန့်သတ်ထားသည့် ကျန်းမာရေးဝန်ထမ်း အမျိုးသမီး (၁) ဦး ပါဝင်လာ၍ တာချီလိတ်၌ ဒုတိယမြောက် အတည်ပြုလူနာ ထပ်တိုးလာခြင်းဖြစ်သည်။

“ အခုလက်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို စစ်ဆေးတာ တစ်ယောက် Positive တွေ့တယ်။ ကျန်တဲ့လူတွေကိုတော့ ဒုတိယအကြိမ် ထပ်စစ်ဖို့ရှိပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၀)ရက်နေ့ ညပိုင်းကပြောသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဧပြီလ (၂၀) ရက်နေ့တွင် ပထမအသုတ် အဖြစ် ဓာတ်ခွဲနမူနာ (၁၈၁) ခုကို စစ်ဆေးရာ အတည်ပြုလူနာနှင့် ထိတွေ့မှုရှိခဲ့သူများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးမှ (၄)ဦး၊ ချင်းပြည်နယ် (၁)ဦးနှင့် ရှမ်းပြည်နယ်မှ (၁)ဦးတို့၌ COVID 19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့မှ အတည်ပြုလူနာ (Case 96) နှင့်ထိတွေ့ခဲ့သည့် တာချီလိတ်ခရိုင်ဆေးရုံမှ ဆရာဝန် (၁၀)ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း (၂၁)ဦးနှင့် ၎င်းတို့၏ အတူနေမိသားစုဝင် စုစုပေါင်း (၃၀)ဦးကို ဧပြီလ (၁၉)ရက်နေ့က ဓါတ်ခွဲနမူနာရယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့မှ ထပ်တိုးအတည်ပြုလူနာကို ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးမည်ဖြစ်ရာ ကျိုင်းတုံ ပြည်သူ့ဆေးရုံ၌ ကုသမှုပေးနေသည့် အတည်ပြုလူနာ (၃)ဦးရှိလာမည်ဖြစ်သည်။

ယနေ့ည(၈)နာရီအထိ  မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၁၇) ဦးရှိပြီဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~