ရခိုင်ပြည်နယ်မှ တဆင့် အခြား တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ ရောက်နေသူများ နီးစပ်ရာ ကျန်းမာရေး နှင့် အုပ်ချုပ်ရေးဌာနများသို့ မဆက်သွယ်ပါက အရေးယူတော့မည်

ရခိုင်ပြည်နယ်မှ တဆင့် အခြား တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ ရောက်နေသူများ နီးစပ်ရာ ကျန်းမာရေး နှင့် အုပ်ချုပ်ရေးဌာနများသို့ မဆက်သွယ်ပါက အရေးယူတော့မည်
စက်တင်ဘာ 8, 2020
By Tachileik News Agency
ရခိုင်ပြည်နယ်မှ တဆင့် အခြား တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ ရောက်နေသူများ နီးစပ်ရာ ကျန်းမာရေး နှင့် အုပ်ချုပ်ရေးဌာနများသို့ မဆက်သွယ်ပါက အရေးယူတော့မည်
COVID 19 ပြည်တွင်းကူးစက်မှု ဖြစ်နေသည့် ရခိုင်ပြည်နယ်မှ အခြားတိုင်းဒေသကြီးနှင့်  ပြည်နယ်များသို့  ရောက်နေသူများ နီးစပ်ရာ ကျန်းမာရေးဌာန သို့မဟုတ် အုပ်ချုပ်ရေးဌာနများသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်ရမည်ဖြစ်ပြီး ပျက်ကွက်ပါက အရေးယူရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နောက်ဆုံးသတ်မှတ်ရက်အတွင်း ဆက်သွယ်ရန် ပျက်ကွက်သူအပြင် ဖုံးကွယ်ပေးထားသူများကိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း စက်တင်ဘာလ (၈)ရက်နေ့၌ COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ပြည်သူသို့ အသိပေးပန်ကြားချက် ထုတ်ထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ပြည်တွင်းကူးစက်မှုဖြစ်ပွားနေသည်ဟု သုံးသပ်ရသည့်အတွက် ရခိုင်ပြည်နယ်မှ အခြားဒေသများသို့ ရောက်နေသူများ၊ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သူများအနေဖြင့် သက်ဆိုင်ရာသို့ ဆက်သွယ်ပြီး အခမဲ့ ဓာတ်ခွဲစစ်ဆေးမှုခံယူကြရန် သတိပေးတိုက်တွန်းထားသော်လည်း အကြောင်းကြားသူနည်းနေသဖြင့် ထပ်မံထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ လေကြောင်းခရီးဖြင့် ရောက်နေသူ (၅၄၀၉)ဦးရှိသည့်အနက် သက်ဆိုင်ရာသို့ ဆက်သွယ်ရန် ပျက်ကွက်နေသည့် (၃၈၃၅) ဦးရှိနေဆဲဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~