ကျောက်မဲတွင် အိမ်နီးချင်းနိုင်ငံများမှ ပြန်လာသူ (၁၁)ဦးကို (၁၄)ရက်သီးခြားစောင့်ကြည့်

ကျောက်မဲတွင် အိမ်နီးချင်းနိုင်ငံများမှ ပြန်လာသူ (၁၁)ဦးကို (၁၄)ရက်သီးခြားစောင့်ကြည့်
မတ် 26, 2020
By 🌸
ကျောက်မဲတွင် အိမ်နီးချင်းနိုင်ငံများမှ ပြန်လာသူ (၁၁)ဦးကို (၁၄)ရက်သီးခြားစောင့်ကြည့်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် အိမ်နီးချင်းနိုင်ငံများမှ ပြန်လာသည့် နေရပ်ပြန် (၁၁)ဦး ၂၀၂၀ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့ ည (၈)နာရီဝန်းကျင်က ရောက်ရှိလာသဖြင့် ကျန်းမာရေးစစ်ဆေးပြီး မိုးလုံလေလုံအားကစားခန်းမ၌ (၁၄)ရက် သီးသန့်နေထိုင်နိုင်ရန် ထားရှိပေးထားကြောင်း သိရသည်။

"ကျောက်မဲနယ်ထဲမှာရှိတဲ့ ကျေးရွာတွေကနေ တစ်ဖက်နိုင်ငံတွေဆီကိုအလုပ်သွားလုပ်ပြီး ပြန်လာကြတာ။ စုစုပေါင်း (၁၁) ဦး လိုင်းကားနဲ့ဝင်လာတာမှာ Covid-19 လက္ခဏာ ရှိမရှိ ကျန်းမာရေး စစ်ဆေးပြီးတော့ မိုးလုံလေလုံအားကစားခန်းမမှာ သီးသန့်ထားထားတာ ဖြစ်ပါတယ်။ ခန်းမရှေ့က ပင်လုံလမ်းမကြီး မှာ ဖြတ်သန်းလို့ရတယ်။ ခန်းမ ဘေးဘက်က လမ်းကြားကိုတော့ ဖြတ်သန်းခွင့် ပိတ်ထားပါတယ်။ ရဲလုံခြုံရေးလည်း ပေးထားတယ်" 

ဟု ကျောက်မဲခရိုင်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဒေါက်တာနန်းရီလှိုင်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့ မိုးလုံလေလုံအားကစားရုံကို စောင့်ကြည့်လူနာများ ထားရှိရန်အတွက် ပြင်ဆင်ထားပြီး အဆိုပါ (၁၁) ဦး ကို Covid-19 ရောဂါ လက္ခဏာရှိမရှိ၊ အပူချိန်နှင့် အဖျားတိုင်းတာခြင်းများ၊ ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ပြီး (၁၄)ရက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကျောက်မဲမြို့နယ် Covid-19 ရောဂါကာကွယ်ရေးနှင့် ရောဂါပြန့်ပွားမှုတားဆီးရေး ကော်မတီနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ထံမှ သိရသည်။

ကျောက်မဲခရိုင်အတွင်း Covid-19 ရောဂါ သံသယရှိသူတွေ့ရှိပါက သီးသန့်ထားရှိစောင့်ကြည့်နိုင်ရန်အတွက် ခရိုင်ပြည်သူ့ဆေးရုံတွင် သီးသန့်ကုသဆောင် (၂) ခန်းကို မတ်လ (၂၁) ရက်နေ့က စတင်ပြီးပြင်ဆင်တည်ဆောက်လျှက်ရှိသည်ဟု သိရသည်။

Tachileik News Agency

သတင်း နေဖြိုးမြင့် 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~