ကယားပြည်နယ် လွိုင်ကော်မြို့တွင် မန္တလေးပြန်တစ်ဦး၌ COVID 19 ပိုးတွေ့ရ၍ ကယားပြည်နယ်အတွင်း အတည်ပြုလူနာ (၅၆)ဦးအထိ တိုးလာ

ကယားပြည်နယ် လွိုင်ကော်မြို့တွင် မန္တလေးပြန်တစ်ဦး၌ COVID 19 ပိုးတွေ့ရ၍ ကယားပြည်နယ်အတွင်း အတည်ပြုလူနာ (၅၆)ဦးအထိ တိုးလာ
ဒီဇင်ဘာ 14, 2020
By Tachileik News Agency

ကယားပြည်နယ် လွိုင်ကော်မြို့တွင် မန္တလေးပြန်တစ်ဦး၌ COVID 19 ပိုးတွေ့ရ၍ ကယားပြည်နယ်အတွင်း အတည်ပြုလူနာ (၅၆)ဦးအထိ တိုးလာ

ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ မန္တလေးမှပြန်လာသည့် ကုန်တင်ယာဉ်မောင်းတစ်ဦးတွင် COVID 19 တွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့အထိ ကယားပြည်နယ်တွင် အတည်ပြုလူနာ (၅၆) ဦးရှိလာပြီဖြစ်သည်။
လွိုင်ကော်မြို့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၁၈)ဦးတို့အား ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် RDT Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ ယာဉ်မောင်း (၁) ဦး၌ ပိုးတွေ့ရခြင်းဖြစ်သည်။
အဆိုပါ ပိုးတွေ့ရှိသူ အသက် (၃၆)နှစ်အရွယ် ယာဉ်မောင်းအမျိုးသားမှာ  ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် မန္တလေးမြို့မှ  လွိုင်ကော်မြို့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းနှင့်အတူလာသော ယာဉ်မောင်းတစ်ဦးမှာ ပိုးမတွေ့ရသော်လည်း လွိုင်ကော်မြို့  န.တ.လ  သင်တန်းကျောင်းတွင် အသွားအလာ ကန့်သတ်ထားရှိ၍  ဓာတ်ခွဲနမူနာ ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
Covid-19 ပိုးတွေ့ရှိသူ အတည်ပြုလူနာအား လွိုင်ကော်ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်တွင် စောင့်ကြပ် ကုသပေးလျက်ရှိပြီး ကျန်းမာရေး ကောင်းမွန်လျှက်ရှိကြောင်းသိရသည်။ 
ကယားပြည်နယ်တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ထိ Covid-19 အတည်ပြုလူနာ (၅၆)ဦးရှိပြီဖြစ်ပြီး ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရသူ (၂၆)ဦးနှင့် သက်ဆိုင်ရာ မြို့နယ်ဆေးရုံများတွင်ဆေးကုသမှုခံယူနေသူ (၃၀)ဦးရှိကြောင်းသိရသည်။ 
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ရွှေလွိုင်ကော်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~