မိုင်းဆတ်မြို့နယ်အတွင်း တပ်မတော် နယ်မြေရှင်းလင်းရေးအဖွဲ့က စိတ်ကြွဆေးပြား (၂)သိန်းကျော်ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

မိုင်းဆတ်မြို့နယ်အတွင်း တပ်မတော် နယ်မြေရှင်းလင်းရေးအဖွဲ့က စိတ်ကြွဆေးပြား (၂)သိန်းကျော်ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ
ဖေဖော်ဝါရီ 25, 2020
By Tachileik News Agency
  
မိုင်းဆတ်မြို့နယ်အတွင်း တပ်မတော် နယ်မြေရှင်းလင်းရေးအဖွဲ့က စိတ်ကြွဆေးပြား (၂)သိန်းကျော်ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်အတွင်း တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက်သိန်း (၂)ကျော်နှင့် ဆက်စပ်ပစ္စည်းများကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့ ညနေ (၃)နာရီက မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်သို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

 မိုင်းဆတ်မြို့ နယ်မြေခံတပ်ရင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်သည့် စစ်ကြောင်းသည် ဖေဖော်ဝါရီလ (၂၃)ရက်နေ့ ညနေပိုင်း၌  မိုင်းခုတ်မြို့၊ ဟာဖူကွဲကျေးရွာနှင့် (၂)မိုင်ခန့်အကွာ၌ ငှက်ပျောပင်များကြား၌ ငှက်ပျောရွက်များဖြင့် ဖုံးအုပ်ထားသည့် ဆာလာအိတ် အဖြူအတွင်း “၉၉၉” တံဆိပ်ပါ ဖယောင်းစက္ကူဖြင့် ထုတ်ထားသည့် WY စာတမ်းပါလိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀၀)ပြားစီပါ (၁၀၀)ထုပ်နှင့် (၂၀၀)ပြားစီပါ (၁၀)ထုပ်၊ စုစုပေါင်းဆေးပြား(၂၀၂,၀၀၀)ပြားကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အိတ်အတွင်း “1”အမှတ်အသားပါ တံဆိပ်တုံးအဝိုင်း (၃)ခု၊ “2”အမှတ်အသားပါ တံဆိပ်တုံး အဝိုင်း (၁)ခု၊ မြင်းခေါင်းပုံပါ တံဆိပ်တုံးအဝိုင်း(၁)ခု၊ “၉၉၉”စာတမ်းပါ တံဆိပ်တုံးလေးထောင့်(၁)ခု၊ တံဆိပ်ရိုက် မှင်ဆေး ဗူး(၅)ဗူး၊ အနီရောင်ဆေးမှုန့်(၅)ကျပ်သားခန့်(၁)ထုပ်၊ FOOD COLOUR စာတမ်းပါ နီညိုရောင် ဆေးမှုန့်(၈) ထုပ်တို့ကိုပါ တွေ့ရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိမှုကို မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မယ(ပ)၆/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၉(က)/ ၁၆(ခ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - မြင့်မောင်(မိုင်းဆတ်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~