ထိုင်းနိုင်ငံက ဖမ်းဆီးအရေးယူပြီးသည့် မြန်မာနိုင်ငံသား (၁၅)ဦးကို တာချီလိတ်သို့ လွှဲပြောင်းပေးလာ

ထိုင်းနိုင်ငံက ဖမ်းဆီးအရေးယူပြီးသည့် မြန်မာနိုင်ငံသား (၁၅)ဦးကို တာချီလိတ်သို့ လွှဲပြောင်းပေးလာ
မတ် 10, 2020
By Tachileik News Agency
ထိုင်းနိုင်ငံက ဖမ်းဆီးအရေးယူပြီးသည့် မြန်မာနိုင်ငံသား (၁၅)ဦးကို တာချီလိတ်သို့ လွှဲပြောင်းပေးလာ

ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၁၅) ဦးကို ၂၀၂၀ ခုနှစ် မတ်လ (၁၀) ရက်နေ့ (၁၁)နာရီက မယ်ဆိုင်လဝကတာဝန်ရှိသူများက တာချီလိတ်သို့ လာရောက်လွှဲပြောင်းရာ မြန်မာဘက်က ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စစ်ဆေးပြီး လွှဲပြောင်းမှုကို လက်ခံပေးကြောင်း သိရသည်။

လွှဲပြောင်းပေးလာမှုများတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်ပြည်နယ် (တောင်ပိုင်း)တို့မှ အမျိုးသား (၁၀) ဦး နှင့် အမျိုးသမီး (၄) ဦးအပြင် ကလေးငယ် (၁)ဦး စုစုပေါင်း(၁၅)ဦး ပါဝင်ရာ မြန်မာဘက်မှ ကျန်းမာရေးက စစ်ဆေးမှုများ ပြုလုပ်ပြီး ၎င်းတိုတွင် မြန်မာနိုင်ငံသား မဟုတ်ဘဲ အခြားနိုင်ငံသားများ ပါဝင်လာခြင်း ရှိမရှိကို စိစစ်ပြီးမှ လက်ခံပေးကြောင်း သိရသည်။

လတ်တလော နိုင်ငံအနှံ့ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က အချုပ်ခန်းများတွင်လည်း ကျန်းမာရေး စစ်ဆေးမှုများကို လုပ်ဆောင်ကြောင်း သိရသည်။

ဟိုဘက်ကမ်းကလည်း စစ်ပေးတယ်။ ချင်းမိုင်အချုပ်ခန်းထဲကို ရောက်တဲ့အခါလည်း မြန်မာအလုပ်သမား တွေ ရောဂါပိုးတွေနဲ့ ပတ်သက်ပြီး စစ်တာရှိတာပေါ့၊ မယ်ဆိုင်ရောက်တော့ စစ်တာမရှိတော့ဘူး။ အဲ့တော့ ဒီဖက်ရောက်တော့ မြန်မာဘက်က စစ်ဆေးပေးတယ်။

ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့်စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)မှ ကိုထွန်းနိုင်ဦးက ပြောသည်။

ထိုင်းနိုင်ငံဘက်က လာရောက်လွှဲပေးလာရာတွင် မြန်မာဘက်က လဝကမှူး ဦးအောင်ကြည်ဦး ဦးဆောင်သည့် ထွေအုပ်၊ လူကုန်တား၊ ကျန်းမာရေး နှင့် CNCMC တို့က လက်ခံပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း၌ လ၀က နှင့် ရဲတပ်ဖွဲ့က ၎င်းတို့ နိုင်ငံအတွင်း ရက်ကျော်နေထိုင်ခြင်း၊ နယ်ကျော်လာရောက်ခြင်း နှင့် တရာမဝင် ဝင်ရောက်လာခြင်းများကို စစ်ဆေးတွေ့ရှိရပါက ဖမ်းဆီးအရေးယူပြီး မယ်ဆိုင်မြို့ရှိ ချင်းရိုင်းခရိုင်လ၀ကရုံးသို့ ပို့ဆောင်ပေးပြီး ထိုမှတဆင့် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတား တာချီလိတ်ဘက်သို့ လာရောက်လွှဲပြောင်းပေးခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း - ကျော်ဇင်ဟိန်း
ဓါတ်ပုံ - CNCMC

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~