က်ိဳင္းတံုတြင္ ေရွာင္တခင္စစ္ေဆးမႈအတြင္း စိတ္ၾကြေဆးျပား (၂၅၀)ျပား သယ္လာသူကို ဖမ္းမိ

က်ိဳင္းတံုတြင္ ေရွာင္တခင္စစ္ေဆးမႈအတြင္း စိတ္ၾကြေဆးျပား (၂၅၀)ျပား သယ္လာသူကို ဖမ္းမိ
ဧပြီ 23, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕၊ ကတ္ဖေက်းရြာအုပ္စု၊ ဝမ္နတ္ - ေနာင္ငင္း - ေနာင္ရွဲန္လမ္းဆံုတြင္ ၂၀၁၉ ခုနွစ္၊ ဧၿပီလ (၂၂)ရက္ေန႔ ည(၉)နာရီခြဲဝန္းက်င္က ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသားတစ္ဦးကို စိတ္ၾကြေဆးျပား (၂၅၀)ႏွင့္အတူ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က သက္ေသမ်ားပါဝင္သည့္ပူးေပါင္းအဖြဲ႕ျဖင့္ ဝမ္နတ္ - ေနာင္ငင္း - ေနာင္ရွဲန္လမ္းဆံုတြင္ ေရွာင္တခင္စစ္ေဆးမႈျပဳလုပ္စဥ္ ဝမ္နတ္ေက်းရြာဘက္မွ ေနာင္ရွဲန္ေက်းရြာဘက္သို႔ ဆုိင္ကယ္ ေမာင္းႏွင္လာသည့္ အသက္ (၂၅)ႏွစ္အရြယ္ အားပယ္အား စစ္ေဆးရာ ပုလင္းျဖင့္ထည့္သြင္း သယ္ေဆာင္လာသည့္ စိတ္ၾကြေဆးျပား (၂၅၀)ျပားကို စစ္ေဆးေတြ႔ရိွရသျဖင့္ ဆုိင္ကယ္အားသိမ္းဆည္းကာ ဖမ္းဆီးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးႏွင့္အတူ ဖမ္းမိသည့္ အားပယ္အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆုိင္ရာဥပေဒျဖင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံတွင် ရှောင်တခင်စစ်ဆေးမှုအတွင်း စိတ်ကြွဆေးပြား (၂၅၀)ပြား သယ်လာသူကို ဖမ်းမိ
*********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ကတ်ဖကျေးရွာအုပ်စု၊ ဝမ်နတ် - နောင်ငင်း - နောင်ရှဲန်လမ်းဆုံတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်က ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြား (၂၅၀)နှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သက်သေများပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် ဝမ်နတ် - နောင်ငင်း - နောင်ရှဲန်လမ်းဆုံတွင် ရှောင်တခင်စစ်ဆေးမှုပြုလုပ်စဉ် ဝမ်နတ်ကျေးရွာဘက်မှ နောင်ရှဲန်ကျေးရွာဘက်သို့ ဆိုင်ကယ် မောင်းနှင်လာသည့် အသက် (၂၅)နှစ်အရွယ် အားပယ်အား စစ်ဆေးရာ ပုလင်းဖြင့်ထည့်သွင်း သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား (၂၅၀)ပြားကို စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်ကယ်အားသိမ်းဆည်းကာ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိသည့် အားပယ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net