မိုင်းဆတ်တွင် သက်မွေးအထောက်အကူဖြစ်စေရန် လက်သမားနှင့် ပန်းရံသင်တန်းဖွင့်

မိုင်းဆတ်တွင် သက်မွေးအထောက်အကူဖြစ်စေရန် လက်သမားနှင့် ပန်းရံသင်တန်းဖွင့်
ဒီဇင်ဘာ 3, 2019
By 🌸

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  မိုင်းဆတ်မြို့တွင် ဒေသတွင်း အသက်မွေးဝမ်းကြောင်းအထောက်အကူပြုစေရန် လက်သမားနှင့်ပန်းရံ သင်တန်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဖွင့်လှစ်သင်ကြားပေးနေသည်။

အဆိုပါသင်တန်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့မှစ၍ တစ်လကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပြီး သင်တန်းသား (၂၀)ဦး တက်ရောက်သင်ယူနေကြခြင်းဖြစ်သည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး  ဦးခင်မောင်တိုးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်စိုးဦး၊ မြို့နယ်ကျေးလက်ဦးစီးဌာနမှူး ဦးမောင်မောင်သွင်တို့လည်း တက်ရောက်ကြကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေသူများ အလုပ်အကိုင်အခွင့်အလမ်းအတွက် အခြေခံအပ်ချုပ်စက်သင်တန်း၊ လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု အခြေခံသင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်း၊ လက်သမား ပန်းရံသင်တန်း၊ ယာဉ်မောင်းသင်တန်း၊ သံဂဟေဆက်သင်တန်း၊ စိုက်ပျိုးမွေးမြူရေးသင်တန်းစသည့် သင်တန်းများကို သက်မွေးဝမ်းကြောင်း အထောက်အကူဖြစ်စေရန် ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ -သန်းဇော်


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~