တာချီလိတ်တွင် အိမ်ရှင်မရှိချိန် ခြံစောင့်ကို ရိုက်နှက်ပြီး မီးခံသေတ္တာ မ သွားသူများကို ရှာဖွေနေ

တာချီလိတ်တွင် အိမ်ရှင်မရှိချိန် ခြံစောင့်ကို ရိုက်နှက်ပြီး မီးခံသေတ္တာ မ သွားသူများကို ရှာဖွေနေ
စက်တင်ဘာ 9, 2020
By Tachileik News Agency
တာချီလိတ်တွင် အိမ်ရှင်မရှိချိန် ခြံစောင့်ကို ရိုက်နှက်ပြီး မီးခံသေတ္တာ မ သွားသူများကို ရှာဖွေနေ
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့ညပိုင်းက အိမ်ရှင်မရှိချိန် ခြံစောင့်ကိုရိုက်နှက်ပြီး နေအိမ်တွင်းမှ မီးခံသေတ္တာသယ်သွားသူ (၃)ဦးကို အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။
“အဲဒီနေ့က ဘေးအိမ်ကနေ သူခိုးဝင်တယ်ဆိုပြီး ကျွန်တော်တို့ကို အကြောင်းကြားလာလို့ သိရတာ။ သိရသလောက်တော့ ခြံစောင့်က အဲဒီနေ့ည (၈)နာရီ (၁၅)လောက်မှာ လူ (၃)ဦး ကားနဲ့ရောက်လာတော့ သူဌေးရဲ့သူငယ်ချင်းထင်ပြီး တံခါးဖွင့်ပေးလိုက်တာလို့ သိရတယ်။ အဲဒီလို ဖွင့်ပေးလိုက်လို့ ဖြစ်သွားတယ်လို့တော့ သိရတယ်။ အစောင့်ကို တုတ်နဲ့ရိုက်ထားခဲ့တော့ အစောင့်က မေ့လဲနေခဲ့တယ်လို့ သိရတယ်။ ကျွန်တော်တို့ကို အကြောင်းကြားတာကတော့ ည (၈)နာရီ (၄၅)မိနစ်လောက်မှာပါ”ဟု ပါဆတ်ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၈)ရက်နေ့၌ ပြောသည်။
နေအိမ်တွင်းမှ မီးခံသေတ္တာခိုးယူခံရကြောင်း တိုင်ကြားသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၃၂၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/ ၃၂၃/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~