တာချီလိတ်တွင် မူးယစ်မှုဖြင့် ထောင်မှလွတ်လာသူတစ်ဦး၏ နေအိမ်မှ ဘိန်းဖြူ (၁၁)ဂရမ် ဖမ်းဆီးရမိ

တာချီလိတ်တွင် မူးယစ်မှုဖြင့် ထောင်မှလွတ်လာသူတစ်ဦး၏ နေအိမ်မှ ဘိန်းဖြူ (၁၁)ဂရမ် ဖမ်းဆီးရမိ
နိုဝင်ဘာ 3, 2019
By 🌸
တာချီလိတ်တွင် မူးယစ်မှုဖြင့် ထောင်မှလွတ်လာသူတစ်ဦး၏ နေအိမ်မှ ဘိန်းဖြူ (၁၁)ဂရမ် ဖမ်းဆီးရမိ
***************

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါကွေ့အပေါ်ရွာ၌ မူးယစ်ဆေးဝါးမှုဖြင့် ၂၀၁၉ ခုနှစ်၊ မေလအတွင်းက ထောင်မှလွတ်လာသူတစ်ဦး၏ နေအိမ်သို့ နိုဝင်ဘာလ (၃)ရက်နေ့ နေ့လယ် (၁၂)နာရီကျော်တွင် ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ (၁၁) ဂရမ်ဖမ်းဆီးရမိကြောင်း သိရသည်။

လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါကွေ့အပေါ်ရွာနေ ရှုမောင်(ခ) ရှီးမွန်၏ နေအိမ်သို့ တာချီလိတ်ခရိုင် မူးယစ်တပ်ဖွဲ့စု (၃၀)ပါဝင်သည့် ပူးပေါင်းအဖွဲ့က နိုဝင်ဘာ (၃) ရက်နေ့ နေ့လယ်တွင် ဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်းမှ ဘိန်းဖြူ (၁၁) ဂရမ်နှင့် ထိုင်းဘတ်ငွေ (၁၂၀၀) ကို ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရှုမောင်(ခ) ရှီးမွန်သည် ၂၀၁၅ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ကျိုင်းတုံအကျဉ်းထောင်တွင် ထောင်ဒဏ် (၁၀) နှစ်ကျခံခဲ့ရပြီး ၂၀၁၉ ခုနှစ်၊ မေလတွင် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ရှုမောင်(ခ) ရှီးမွန်ကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၃၇/ ၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က) အရအမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -ရဲတပ်ဖွဲ့

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္တြင္ မူးယစ္မႈျဖင့္ ေထာင္မွလြတ္လာသူတစ္ဦး၏ ေနအိမ္မွ ဘိန္းျဖဴ (၁၁)ဂရမ္ ဖမ္းဆီးရမိ
***************

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ ပါေကြ႕အေပၚရြာ၌ မူးယစ္ေဆးဝါးမႈျဖင့္ ၂၀၁၉ ခုႏွစ္၊ ေမလအတြင္းက ေထာင္မွလြတ္လာသူတစ္ဦး၏ ေနအိမ္သို႔ ႏိုဝင္ဘာလ (၃)ရက္ေန႔ ေန႔လယ္ (၁၂)နာရီေက်ာ္တြင္ ဝင္ေရာက္ရွာေဖြရာ ဘိန္းျဖဴ (၁၁) ဂရမ္ဖမ္းဆီးရမိေၾကာင္း သိရသည္။

လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ ပါေကြ႕အေပၚရြာေန ႐ႈေမာင္(ခ) ရီွးမြန္၏ ေနအိမ္သို႔ တာခ်ီလိတ္ခ႐ိုင္ မူးယစ္တပ္ဖြဲ႕စု (၃၀)ပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ႏိုဝင္ဘာ (၃) ရက္ေန႔ ေန႔လယ္တြင္ ဝင္ေရာက္ရွာေဖြရာ အိပ္ခန္းအတြင္းမွ ဘိန္းျဖဴ (၁၁) ဂရမ္ႏွင့္ ထိုင္းဘတ္ေငြ (၁၂၀၀) ကိုရွာေဖြသိမ္းဆည္းရမိခဲ့ေၾကာင္းသိရသည္။
႐ႈေမာင္(ခ) ရီွးမြန္သည္ ၂၀၁၅ ခုႏွစ္တြင္ မူးယစ္ေဆးဝါးမႈျဖင့္ က်ဳိင္းတံုအက်ဥ္းေထာင္တြင္ ေထာင္ဒဏ္ (၁၀) ႏွစ္က်ခံခဲ့ရၿပီး ၂၀၁၉ ခုႏွစ္၊ ေမလတြင္ လြတ္ၿငိမ္းခ်မ္းသာျဖင့္ ျပန္လည္လြတ္ေျမာက္လာသူျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ရႈေမာင္(ခ) ရွီးမြန္ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၃၇/ ၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က) အရအမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -ရဲတပ္ဖြဲ႕

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net