မိုင်းယောင်းမြို့နယ် ထွေအုပ်မှ ဌာနခွဲစာရေး အပါအဝင် ဝန်ထမ်း(၅)ဦး ပြည်သူဘက်က ရပ်တည်ကာ CDM လုပ်ဆောင် 

မိုင်းယောင်းမြို့နယ် ထွေအုပ်မှ ဌာနခွဲစာရေး အပါအဝင် ဝန်ထမ်း(၅)ဦး ပြည်သူဘက်က ရပ်တည်ကာ CDM လုပ်ဆောင် 
မတ် 10, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေးတစ်ဦး အပါအဝင် ဝန်ထမ်း (၅) ဦးသည် ၂၀၂၁ ခုနှစ် မတ်လ (၈) ရက်နေ့မှစ၍ CDM တွင် ပါဝင်လာကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းနေသည့် ဌာနခွဲစာရေး (၁) ဦး၊ အကြီးတန်းစာရေး (၁) ဦး၊ အငယ်တန်းစာရေး (၂) ဦးနှင့် စာပို့ (၁) ဦး စုစုပေါင်းဝန်ထမ်း (၅) ဦးတို့က CDM တွင် ပါဝင်လာသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများတွင် ပထမဆုံး CDM လုပ်ဆောင်သည့် ဒေသဖြစ်လာသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူတင်မြှောက်သည့် အစိုးရအား ဖမ်းဆီးကာ နိုင်ငံတော်အာဏာသိမ်းလိုက်ခြင်းအား လက်မခံသည့် ပြည်သူ့ဝန်ထမ်းများက CDM လုပ်ဆောင်နေကြခြင်းဖြစ်သည်။