မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ ပါဝင်မည့် အပါး(၁၈၀)ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအောက်တိုဘာလ (၁၇)ရက်နေ့ နေ့လည်ပိုင်းတွင် ကျိုင်းတုံမြို့၌ ပြုလုပ်မည်

မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ ပါဝင်မည့် အပါး(၁၈၀)ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအောက်တိုဘာလ (၁၇)ရက်နေ့ နေ့လည်ပိုင်းတွင် ကျိုင်းတုံမြို့၌ ပြုလုပ်မည်
အောက်တိုဘာ 16, 2019
By Tachileik News Agency
မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ ပါဝင်မည့် အပါး(၁၈၀)ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအောက်တိုဘာလ (၁၇)ရက်နေ့ နေ့လည်ပိုင်းတွင် ကျိုင်းတုံမြို့၌ ပြုလုပ်မည်

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသသို့ ဓမ္မခရီးကြွချီလာသည့် မဲခေါင်မြစ်ဝှမ်း(၅)နိုင်ငံမှ သံဃာတော်များသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့၌ ကျိုင်းတုံမြို့သို့ ကြွချီမည်ဖြစ်ရာ နေ့လယ် (၁)နာရီအချိန်တွင် မဟာမြတ်မုနိဘုရားကြီး အဝိုင်းပတ်တွင် သံဃာတော် အပါး (၁၈၀)ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။

သံဃာတော်များ၏ ကျိုင်းတုံခရီးစဉ်အတွင်း ဟိုခုံပရိယတ္တိစာသင်တိုက်ခွဲ ဆောက်လုပ်မည့်နေရာတွင် ဗုဒ္ဓဂယာမှ ယူဆောင်လာသည့် ဗောဓိညောင်ပင်ကို ညနေ (၃)နာရီဝန်းကျင်တွင် စိုက်ပျိုးကြမည်ဖြစ်ကာ ညနေ (၄)နာရီအချိန်တွင် ကျိုင်းယင်းစေတီတွင် ပရိတ်တရားတော်များ ရွတ်ဖတ်ကြမည်ဖြစ်သည်။

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများမှ သံဃာတော်များသည် တာချီလိတ်မြို့မှ နံနက် (၆)နာရီခွဲတွင် ကျိုင်းတုံမြို့သို့ စတင်ထွက်ခွာမည်ဖြစ်ပြီး ကျိုင်းတုံမြို့မှ အောက်တိုဘာလ (၁၈)ရက်နေ့ နံနက် (၇)နာရီတွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - စိုင်းငယ်



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

မဲေခါင္ျမစ္ဝွမ္း (၅)ႏုိင္ငံမွ သံဃာေတာ္မ်ား ပါ၀င္မည့္ အပါး(၁၈၀)ေက်ာ္ ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲ
  ေအာက္တိုဘာလ (၁၇)ရက္ေန႔ ေန႔လည္ပိုင္းတြင္ က်ိဳင္းတုံၿမိဳ႕၌ ျပဳလုပ္မည္

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသသို႔ ဓမၼခရီးၾကြခ်ီလာသည့္ မဲေခါင္ျမစ္ဝွမ္း(၅)ႏုိင္ငံမွ သံဃာေတာ္မ်ားသည္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၇)ရက္ေန႔၌ က်ိဳင္းတံုၿမိဳ႕သို႔ ၾကြခ်ီမည္ျဖစ္ရာ ေန႔လယ္ (၁)နာရီအခ်ိန္တြင္ မဟာျမတ္မုနိဘုရားႀကီး အ၀ိုင္းပတ္တြင္ သံဃာေတာ္ အပါး (၁၈၀)ေက်ာ္အား ဆြမ္းဆန္စိမ္းေလာင္းလွဴၾကမည္ျဖစ္ေၾကာင္း သိရသည္။

သံဃာေတာ္မ်ား၏ က်ိဳင္းတံုခရီးစဥ္အတြင္း ဟိုခံုပရိယတၱိစာသင္တုိက္ခြဲ ေဆာက္လုပ္မည့္ေနရာတြင္ ဗုဒၶဂယာမွ ယူေဆာင္လာသည့္ ေဗာဓိေညာင္ပင္ကို ညေန (၃)နာရီဝန္းက်င္တြင္ စိုက္ပ်ိဳးၾကမည္ျဖစ္ကာ ညေန (၄)နာရီအခ်ိန္တြင္ က်ိဳင္းယင္းေစတီတြင္ ပရိတ္တရားေတာ္မ်ား ရြတ္ဖတ္ၾကမည္ျဖစ္သည္။

ျမန္မာ၊ ထုိင္း၊ ကေမၻာဒီးယား၊ လာအိုႏွင့္ ဗီယက္နမ္ႏုိင္ငံမ်ားမွ သံဃာေတာ္မ်ားသည္ တာခ်ီလိတ္ၿမိဳ႕မွ နံနက္ (၆)နာရီခြဲတြင္ က်ိဳင္းတံုၿမိဳ႕သို႔ စတင္ထြက္ခြာမည္ျဖစ္ၿပီး က်ိဳင္းတံုၿမိဳ႕မွ ေအာက္တိုဘာလ (၁၈)ရက္ေန႔ နံနက္ (၇)နာရီတြင္ ျပန္လည္ထြက္ခြာမည္ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - စိုင္းငယ္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net