ကျိုင်းတုံတွင် CBT ဖေါ်ဆောင်ရန် ပြင်ဆင်နေသည့် ဖားရံ့နွဲ့ကျေးရွာ၌ ကောက်သစ်စားပွဲကျင်းပ

ကျိုင်းတုံတွင် CBT ဖေါ်ဆောင်ရန် ပြင်ဆင်နေသည့် ဖားရံ့နွဲ့ကျေးရွာ၌ ကောက်သစ်စားပွဲကျင်းပ
နိုဝင်ဘာ 2, 2019
By 🌸
ကျိုင်းတုံတွင် CBT ဖေါ်ဆောင်ရန် ပြင်ဆင်နေသည့် ဖားရံ့နွဲ့ကျေးရွာ၌ ကောက်သစ်စားပွဲကျင်းပ
************

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ အာခါ၊ လားဟူ၊ ဝနှင့် ရှမ်းတိုင်းရင်းသားများ၏ ကောက်သစ်စားပွဲများကို အောက်တိုဘာလလယ်မှ စတင်ကာ ကျေးရွာများအလိုက် ကျင်းပလျှက်ရှိရာ ၂၀၁၉ ခုနှစ်၊  နိုဝင်ဘာလ (၂)ရက်နေ့တွင် ကျိုင်းတုံမြို့ရှိ ဖားရံနွဲ့ကျေးရွာ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ ကောက်သစ်စားပွဲ ကျင်းပသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ ခရစ်ယာန်ဘာသာဝင် အာခါ၊ လားဟူ၊ ဝနှင့် ရှမ်းတိုင်းရင်းသားများသည် အောက်တိုဘာလလယ်မှစ၍ ဒီဇင်ဘာလအစောပိုင်းကာလများအထိ  သီးနှံများရိတ်သိမ်းပြီးချိန်၌ ကျေးရွာလူကြီးများက သင့်တော်မည့် နေ့ရက်ကို ရွေးချယ်၍ ကျေးဇူးတော်ချီးမွမ်းရာနေ့အဖြစ် သတ်မှတ်ကာ ကောက်သစ်စားပွဲများကို ကျင်းပလေ့ရှိခြင်းဖြစ်သည်။

ကောက်သစ်စားပွဲကျင်းပရာတွင် ယခုနှစ်တွင် ထွက်ရှိသော သီးနှံများအတွက် ဘုရားကျောင်းများ၌ ကျေးဇူးတော် ချီးမွမ်းခြင်း၊ ဧည့်ပရိတ်သတ်များကို ဖိတ်ကြား၍  ယခုနှစ်တွင် စိုက်ပျိုးရရှိသော ဆန်အသစ်နှင့် ရိုးရာဟင်းများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ စိုက်ပျိုးရရှိသည့် သီးနှံအသစ်များကို လက်ဆောင်ပေးခြင်းများအပြင် အချို့ကျေးရွာများတွင် ဖျော်ဖြေရေးပွဲများလည်း ထည့်သွင်းကျင်းပလေ့ရှိခြင်းဖြစ်သည်။

ကောက်သစ်စားပွဲကျင်းပသည့် ကျိုင်းတုံမြို့ရှိ ဖားရံနွဲ့ကျေးရွာမှာ လူထုအခြေပြုခရီးသွားလုပ်ငန်း ဖေါ်ဆောင်ရေးအတွက် ပြင်ဆင်နေခြင်းဖြစ်ပြီး လိုအပ်သည့် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးသွယ်တန်းနိုင်ရေးကို ကျိုင်းတုံမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက (၁၁) ကြိမ်မြောက် ပြည်နယ်လွှတ်တော်အစည်းအဝေး၌ တင်ပြတောင်းခံခဲ့ရာ ၂ဝ၁၉- ၂၀၂ဝ ဘဏ္ဍာနှစ်တွင် ကျောက်ချောလမ်း ရမည်ဖြစ်ပြီး လျှပ်စစ်မီးသွယ်တန်းရေးအတွက်လည်း ၂ဝ၁၈-၁၉ ဘတ်ဂျက်တွင် ခွင့်ပြုထားခြင်းဖြစ်သည်။

သတင်း #ဇွဲမြတ်
ဓါတ်ပုံ - Dr.Wunna Soe

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
က်ိဳင္းတံုတြင္ CBT ေဖၚေဆာင္ရန္ ျပင္ဆင္ေနသည့္ ဖားရံ႕ႏြဲ႕ေက်းရြာ၌ ေကာက္သစ္စားပြဲက်င္းပ
************

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသရိွ အာခါ၊ လားဟူ၊ ဝႏွင့္ ရွမ္းတိုင္းရင္းသားမ်ား၏ ေကာက္သစ္စားပြဲမ်ားကို ေအာက္တိုဘာလလယ္မွ စတင္ကာ ေက်း႐ြာမ်ားအလိုက္ က်င္းပလွ်က္ရွိရာ ၂၀၁၉ ခုႏွစ္၊  ႏိုဝင္ဘာလ (၂)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕ရိွ ဖားရံႏြဲ႕ေက်းရြာ ႏွစ္ျခင္းခရစ္ယာန္ဘုရားေက်ာင္း၌ ေကာက္သစ္စားပြဲ က်င္းပသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသရွိ ခရစ္ယာန္ဘာသာဝင္ အာခါ၊ လားဟူ၊ ဝႏွင့္ ရွမ္းတိုင္းရင္းသားမ်ားသည္ ေအာက္တိုဘာလလယ္မွစ၍ ဒီဇင္ဘာလအေစာပိုင္းကာလမ်ားအထိ  သီးႏွံမ်ားရိတ္သိမ္းၿပီးခ်ိန္၌ ေက်း႐ြာလူႀကီးမ်ားက သင့္ေတာ္မည့္ ေန႔ရက္ကို ေ႐ြးခ်ယ္၍ ေက်းဇူးေတာ္ခ်ီးမြမ္းရာေန႔အျဖစ္ သတ္မွတ္ကာ ေကာက္သစ္စားပြဲမ်ားကို က်င္းပေလ့ရိွျခင္းျဖစ္သည္။

ေကာက္သစ္စားပြဲက်င္းပရာတြင္ ယခုႏွစ္တြင္ ထြက္ရွိေသာ သီးႏွံမ်ားအတြက္ ဘုရားေက်ာင္းမ်ား၌ ေက်းဇူးေတာ္ ခ်ီးမြမ္းျခင္း၊ ဧည့္ပရိတ္သတ္မ်ားကို ဖိတ္ၾကား၍  ယခုႏွစ္တြင္ စိုက္ပ်ိဳးရရွိေသာ ဆန္အသစ္ႏွင့္ ႐ိုးရာဟင္းမ်ားျဖင့္ ဧည့္ခံေကြၽးေမြးျခင္း၊ စိုက္ပ်ိဳးရရွိသည့္ သီးႏွံအသစ္မ်ားကို လက္ေဆာင္ေပးျခင္းမ်ားအျပင္ အခ်ိဳ႕ေက်း႐ြာမ်ားတြင္ ေဖ်ာ္ေျဖေရးပြဲမ်ားလည္း ထည့္သြင္းက်င္းပေလ့ရွိျခင္းျဖစ္သည္။

ေကာက္သစ္စားပြဲက်င္းပသည့္ က်ိဳင္းတံုၿမိဳ႕ရိွ ဖားရံႏြဲ႔ေက်းရြာမွာ လူထုအေျချပဳခရီးသြားလုပ္ငန္း ေဖၚေဆာင္ေရးအတြက္ ျပင္ဆင္ေနျခင္းျဖစ္ၿပီး လိုအပ္သည့္ လမ္းပန္းဆက္သြယ္ေရးႏွင့္ လွ်ပ္စစ္မီးသြယ္တန္းႏိုင္ေရးကို က်ိဳင္းတံုၿမိဳ႕မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာဝဏၰစိုးက (၁၁) ႀကိမ္ေျမာက္ ျပည္နယ္လႊတ္ေတာ္အစည္းအေဝး၌ တင္ျပေတာင္းခံခဲ့ရာ ၂ဝ၁၉- ၂၀၂ဝ ဘ႑ာႏွစ္တြင္ ေက်ာက္ေခ်ာလမ္း ရမည္ျဖစ္ၿပီး လွ်ပ္စစ္မီးသြယ္တန္းေရးအတြက္လည္း ၂ဝ၁၈-၁၉ ဘတ္ဂ်က္တြင္ ခြင့္ျပဳထားျခင္းျဖစ္သည္။

သတင္း #ဇြဲျမတ္
ဓါတ္ပံု - Dr.Wunna Soe

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net