တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်တွင် ကျင်းပမည့် စာပေဟောပြောပွဲအတွင် ကြိုတင်ပြင်ဆင်နေ

တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်တွင် ကျင်းပမည့် စာပေဟောပြောပွဲအတွင် ကြိုတင်ပြင်ဆင်နေ
ဖေဖော်ဝါရီ 29, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်တွင် ကျင်းပမည့် စာပေဟောပြောပွဲအတွင် ကြိုတင်ပြင်ဆင်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၉)ရက်နေ့ ည(၇)နာရီ၌ ကျင်းပမည့် စာပေဟောပြောပွဲအတွက် ဟိုတယ်တာချီလိတ်တွင် ကြိုတင်ပြင်ဆင်နေလျက်ရှိသည်။

စာပေပွဲတော်အား ယခင်က တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ကျင်းပရန်အတွက် စီစဉ်ထားသော်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်( COVID - 19 )လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ နှင့် ပတ်သက်၍ လူစု လူဝေးများနှင့် ပွဲလမ်းသဘင်များ ရှောင်ကြည်ရန် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက်နေ့ ည(၁၀)နာရီခွဲက ထုတ်ပြန်ကြေညာထားခြင်းကြောင်း စည်ပင်သာယာရေးဌာနပိုင်ဖြစ်သည့် အောင်မြတ်ခန်းမတွင် မကျင်းပတော့ဘဲ ဟိုတယ်ချီလိတ်တွင် ကျင်းပရန်အတွက် ပြောင်းရွေ့စီစဉ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဟိုတယ် တာချီလိတ်မှာ ပြောင်းလိုက်တာပါ။ ကျင်းပမယ့်နေရာပဲပြောင်းတယ်။ အချိန်ရော ဟောပြောမယ့် စာရေးဆရာတွေရော မပြောင်းပါဘူး”ဟု တာချီလိတ်မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးစံသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ စာပေဟောပြောပွဲအား တာချီလိတ်မြို့နယ်စာရေးဆရာအသင်းက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး စာရေးဆရာ အရိုး နှင့် စာရေးဆရာမများ ဖြစ်သည့် မသီတာ(စမ်းချောင်း)၊ စမ်းစမ်းနွဲ့(သာယာဝတီ)တို့က ဟောပြောသွားမှာ ဖြစ်ကြောင်း သိရသည်။

စာပေဟောပြောပွဲသို့ မည်သူမဆို လာရောက်ကာ အခမဲ့ ကြည့်ရှု နားဆင် အားပေးနိုင်မည်ဖြစ်ကြောင်း နှင့် ကားနှင့်ဆိုင်ကယ်ရပ်နားထားရှိရန်အတွက် နေရာလည်း အဆင်ပြေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~