ရန်ကုန် - နေပြည်တော်အမြန်လမ်းတွင် ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်၍ ၇ ဦးဒဏ်ရာရ

ရန်ကုန် - နေပြည်တော်အမြန်လမ်းတွင် ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်၍ ၇ ဦးဒဏ်ရာရ
နိုဝင်ဘာ 23, 2019
By Tachileik News Agency
ရန်ကုန် - နေပြည်တော်အမြန်လမ်းတွင် ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်၍ ၇ ဦးဒဏ်ရာရ

ရန်ကုန် - နေပြည်တော်အမြန်လမ်းပိုင်းတွင် နေပြည်တော်ဘက်မောင်းနှင်လာသည့် မော်တော်ယာဉ်က လမ်းလယ်ကျွန်းကိုကျော်ကာ တစ်ဖက်ယာဉ်ကြောမှ မော်တော်ယာဉ်အား ဝင်တိုက်မိ၍ တရုတ်နိုင်ငံသူ တစ်ဦးအပါအဝင် စုစုပေါင်း (၇)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

နေပြည်တော်- ရန်ကုန်လမ်း မိုင်တိုင်အမှတ် ၁၈၄/၇ - ၁၈၅/၀ ကြားတွင် နိုဝင်ဘာလ (၂၃)ရက်နေ့ နံနက် (၈)နာရီ (၄၅)မိနစ်ဝန်းကျင်က ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် Toyota မော်တော်ယာဉ်မှ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်း မြေသားကိုကျော်ကာ တစ်ဖက်ယာဉ်ကြောမှ နေပြည်တော်ဘက်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် CHEVROLET ယာဉ်ကို မျက်နှာချင်းဆိုင် ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် Toyotaယာဉ်တွင် လိုက်ပါလာသည့် အမျိုးသား (၄)ဦး၊ အမျိုးသမီး (၃)ဦးနှင့် ကလေး (၂)ဦးအနက် အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၃)ဦးတို့တွင် ဒဏ်ရာများ ရသွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အတိုက်ခံရသည့် CHEVROLET ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ယာဉ်မောင်းနှင့် တရုတ်နိုင်ငံသား အမျိုးသား (၂)ဦး၊အမျိုးသမီး(၁)ဦးအနက် အမျိုးသမီး(၁)ဦးတို့ ဒဏ်ရာအသီးသီးရသွားခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာတွင် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ သာဂရစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency

ဓာတ်ပုံ - အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net