တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း စိတ်ကြွဆေးပြား (၅၆၀၀)ကျော် နှင့်အတူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိ

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း စိတ်ကြွဆေးပြား (၅၆၀၀)ကျော် နှင့်အတူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိ
ဇူလိုင် 20, 2020
By Tachileik News Agency

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း စိတ်ကြွဆေးပြား (၅၆၀၀)ကျော် နှင့်အတူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း ကျူးကျော်နေရာတွင် မူးယစ်ဆေးဝါးသတင်းအရ နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေရာက အမျိုးသားတစ်ဦးကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ၂၀၂၀ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့ နံနက်(၆)နာရီခွဲ ဝန်းကျင်အချိန်က အိုက်နွဲ့ဆိုသူ၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေရာမှ နေအိမ်အိပ်ခန်းအတွင်းထဲက Wy စာတမ်းပါသည့် စိတ်ကြွရူးသွပ်ဆေးပြား  စုစုပေါင်း (၅,၆၀၀)ပြား နှင့် ဘိန်းဆီ (၇၀)ဂရမ်တို့ကို တွေ့ရှိသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၅၅)နှစ်ရှိ အိုက်နွဲ့ဆိုသူအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~