တာခ်ီလိတ္ၿမိဳ႕တြင္ အားကစားထူးခၽြန္လူငယ္မ်ားအား ပံ့ပိုးႏုိင္ရန္ ေကာ္မတီဖြဲ႕စည္း

တာခ်ီလိတ္ၿမိဳ႕တြင္ အားကစားထူးခၽြန္လူငယ္မ်ားအား ပံ့ပိုးႏုိင္ရန္ ေကာ္မတီဖြဲ႕စည္း
သြဂုတ် 11, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ အားကစားထူးခၽြန္လူငယ္မ်ားအား ပံ့ပိုးႏုိင္ေရးအတြက္ ၿမိဳ႕လူထုပါဝင္သည့္ အားကစားအေထာက္အကူျပဳေကာ္မတီကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၁)ရက္ေန႔က ဖြဲ႕စည္းလုိက္သည္။

“ဌာနရဲ႕လမ္းညႊန္ခ်က္ေတြနဲ႔ အားကစားလုပ္ငန္းေတြမွာ ပံ့ပိုးသြားဖုိ႔ပါ။ အခုလက္ရိွအေနနဲ႔ေတာ့ အဖြဲ႕ဝင္ေတြက အဖြဲ႕ဝင္ေၾကးအေနနဲ႔ တစ္လဘယ္ေလာက္ ထည့္ဝင္ေၾကး ထည့္ၾကမယ္ စုၾကမယ္ေပါ့ အဲဒီေလာက္ပဲ လုပ္ထားတုန္းရိွပါေသးတယ္။ အားကစားအေထာက္အကူျပဳအေနနဲ႔ေတာ့ ေအာင္ျမင္တဲ့ တိုးတက္တဲ့ ထူးခၽြန္တဲ့ ကေလးေတြကိုေတာ့ ေကာ္မတီအေနနဲ႔ ဘယ္လုိေထာက္ပံ့သင့္တယ္။ ဘယ္လိုကူညီေပးမယ္ေပါ့။ ၿမိဳ႕ေပၚက ေစတနာရွင္ေတြရိွလို႔ ပါဝင္လာရင္လည္း ဒီကေလးေတြကို စည္းမ်ည္းစည္းကမ္းနဲ႔အညီ ပံ့ပိုးနုိင္ေအာင္လုိ႔ပါ”ဟု ေကာ္မတီ၏ တြဲဖက္အတြင္းေရးမွဴး ဦးေဇာ္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေကာ္မတီကို ဆန္ဆုိင္း (ခ) ရပ္ကြက္ရွိ မုိးလုံေလလုံအားကစားရုံတြင္ ေန႔လယ္(၁)နာရီက က်င္းပသည့္ အစည္းအေဝး၌ ဖြဲ႕စည္းလုိက္ၿပီးေနာက္ ေကာ္မတီ၏လုပ္ငန္းညိႇႏိႈင္းအစည္းအေဝးကိုပါ က်င္းပျခင္းျဖစ္သည္။

အစည္းအေဝးတြင္ ေကာ္မတီဥကၠ႒  ဦးတင္လွိဳင္က အဖြင့္အမွာစကားေျပာၾကားျခင္း၊ နာယကမ်ားျဖစ္သည့္ ဦးျမင့္နြယ္၊ ဦးခင္ေမာင္ျမင့္ႏွင့္ ဦးရန္မ်ဴိးေအာင္တုိ့က အႀကံျပဳေဆြးေႏြးျခင္း၊ ဘ႑ာေရးမွွဴး ဦးျမင့္သန္းက ေငြစာရင္း ရွင္းလင္းတင္ျပျခင္းနွင့္ ပုိက္ေက်ာ္ျခင္းျပိဳင္ပြဲက်င္းပရန္ ေဆြးေႏြးတင္ျပျခင္းမ်ား ျပဳလုပ္ၿပီး တက္ေရာက္လာသူမ်ားက အႀကံျပဳေဆြးေႏြးၾကသည္။

 Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အားကစားထူးချွန်လူငယ်များအား ပံ့ပိုးနိုင်ရေးအတွက် မြို့လူထုပါဝင်သည့် အားကစားအထောက်အကူပြုကော်မတီကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့က ဖွဲ့စည်းလိုက်သည်။

“ဌာနရဲ့လမ်းညွှန်ချက်တွေနဲ့ အားကစားလုပ်ငန်းတွေမှာ ပံ့ပိုးသွားဖို့ပါ။ အခုလက်ရှိအနေနဲ့တော့ အဖွဲ့ဝင်တွေက အဖွဲ့ဝင်ကြေးအနေနဲ့ တစ်လဘယ်လောက် ထည့်ဝင်ကြေး ထည့်ကြမယ် စုကြမယ်ပေါ့ အဲဒီလောက်ပဲ လုပ်ထားတုန်းရှိပါသေးတယ်။ အားကစားအထောက်အကူပြုအနေနဲ့တော့ အောင်မြင်တဲ့ တိုးတက်တဲ့ ထူးချွန်တဲ့ ကလေးတွေကိုတော့ ကော်မတီအနေနဲ့ ဘယ်လိုထောက်ပံ့သင့်တယ်။ ဘယ်လိုကူညီပေးမယ်ပေါ့။ မြို့ပေါ်က စေတနာရှင်တွေရှိလို့ ပါဝင်လာရင်လည်း ဒီကလေးတွေကို စည်းမျည်းစည်းကမ်းနဲ့အညီ ပံ့ပိုးနိုင်အောင်လို့ပါ”ဟု ကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ဦးဇော်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကော်မတီကို ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံတွင် နေ့လယ်(၁)နာရီက ကျင်းပသည့် အစည်းအဝေး၌ ဖွဲ့စည်းလိုက်ပြီးနောက် ကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုပါ ကျင်းပခြင်းဖြစ်သည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်က အဖွင့်အမှာစကားပြောကြားခြင်း၊ နာယကများဖြစ်သည့် ဦးမြင့်နွယ်၊ ဦးခင်မောင်မြင့်နှင့် ဦးရန်မျိူးအောင်တို့က အကြံပြုဆွေးနွေးခြင်း၊ ဘဏ္ဍာရေးမှူး ဦးမြင့်သန်းက ငွေစာရင်း ရှင်းလင်းတင်ပြခြင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပရန် ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ပြီး တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြသည်။

 Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net