တာလေမြို့၏ Covid-19 တတိယလှိုင်း ပထမအစနေ့တွင် Covid-19 ကူးစက်ခံရသူ (၂)ဦး တွေ့ရှိ 

တာလေမြို့၏ Covid-19 တတိယလှိုင်း ပထမအစနေ့တွင် Covid-19 ကူးစက်ခံရသူ (၂)ဦး တွေ့ရှိ 
ဇူလိုင် 23, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့က Home Quarantine ထားသူအား စစ်ဆေးရာ COVID 19 ပိုးတွေ့သဖြင့် အတူနေမိသားစုအား ထပ်မံစစ်ဆေးရာ မိခင်ဖြစ်သူတွင်လည်း COVID 19 ပိုးတွေ့ရကြောင်း သိရသည်။

တာလေမြို့တွင် ပထမဆုံး အတည်ပြုလူနာများ စတင်တွေ့ရခြင်းဖြစ်ပြီး အဆိုပါ အတည်ပြုလူနာမှာ မိုင်းဆတ်မှပြန်လာ၍ နေအိမ်အသွားအလာကန့်သတ်ထားခြင်းဖြစ်သော်လည်း ရွာတွင်းလှည့်ပတ်သွားလာခဲ့သဖြင့် အလည်အပတ်သွားခဲ့သည့် နေအိမ် (၁၀) လုံးကျော်ကို Lockdown လုပ်ထားသည့် အပြင် ရွာအတွင်းမှ ဈေးဆိုင်များကိုလည်း ယာယီပိတ်ထားကြောင်း သိရသည်။

အတည်ပြုလူနာများအား တာလေဆေးရုံတွင် ထားရှိပြီး ထပ်တိုးအတည်ပြုလူနာနှင့် ထိတွေ့သူများအား ကျန်းမာရေးဌာနက ထပ်မံ စုံစမ်းဖေါ်ထုတ်ကာ အသွားအလာကန့်သတ်၍ COVID 19 စစ်ဆေးမည်ဟု သိရသည်။

#TachileikNewsAgency