တာချီလိတ်သို့ stay at home ဒေသမှ လေကြောင်းခရီးဖြင့်လာသူများ ဟိုတယ် (၈)ခုတွင် quarantine ဝင်နိုင်မည်

တာချီလိတ်သို့ stay at home ဒေသမှ လေကြောင်းခရီးဖြင့်လာသူများ ဟိုတယ် (၈)ခုတွင် quarantine ဝင်နိုင်မည်
ဒီဇင်ဘာ 17, 2020
By Tachileik News Agency

တာချီလိတ်သို့ stay at home ဒေသမှ လေကြောင်းခရီးဖြင့်လာသူများ ဟိုတယ် (၈)ခုတွင် quarantine ဝင်နိုင်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ stay at home သတ်မှတ်ထားသည့်ဒေသများမှ လေကြောင်းခရီးစဉ်ဖြင့် လာရောက်သူများအနေဖြင့် facility quarantine မနေလိုပါက hotel quarantine လက်ခံသည့် ဟိုတယ် (၈) ခုတွင် နေထိုင်နိုင်မည်ဖြစ်သည်။
"hotel quarantine ကို Hotel Tachileik ၊ 1G1 Hotel ၊ မဲခေါင်မြစ်ဟိုတယ်၊ ရွှေဘူးသီးဟိုတယ်၊ ပလက်တီနမ်စတားဟိုတယ်၊ 29 hotel၊ ရွှေရေကန်ဟိုတယ်နဲ့ J My King Hotel တွေက စီစဉ်ထားပါတယ် "ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(တာချီလိတ်ရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၌ ပြောသည်။
stay at home ဒေသများမှ တာချီလိတ်သို့ လေကြောင်းခရီးစဉ်ဖြင့် လာရောက်သူများအနေဖြင့်  hotel quarantine နေလိုပါက Hotel Tachileik တွင် (၂၅)ခန်း၊ 1G1 Hotel တွင် (၂၅)ခန်း၊ မဲခေါင်မြစ်ဟိုတယ်တွင်  (၂၅) ခန်း၊ ရွှေဘူးသီးဟိုတယ်တွင် အခန်း (၂၀)၊ ပလက်တီနမ်စတားဟိုတယ်တွင်  (၂၃) ခန်း၊ 29 hotel တွင် (၂၇) ခန်း၊ ရွှေရေကန်ဟိုတယ်တွင် အခန်း (၂၀) နှင့် J My King Hotel တွင် (၅)ခန်းစီစဉ်ထားကြောင်း သိရသည်။
ဟိုတယ်များ၏ အခန်းအလိုက် သတ်မှတ်ဈေးနှုန်းများမှာ ရွှေဘူးသီးဟိုတယ်က တစ်ခန်းလျှင် ကျပ် (၇)သောင်း၊ Hotel Tachileik ၊ 1G1 Hotel၊ မဲခေါင်မြစ်ဟိုတယ်၊ ပလက်တီနမ်စတားဟိုတယ်၊ 29 Hotelနှင့် J My King Hotel တို့က တစ်ခန်းလျှင် ကျပ် (၆)သောင်းခွဲ၊ ရွှေရေကန်ဟိုတယ်တွင် တစ်ခန်းလျှင် ကျပ် (၅)သောင်းနှင့် 29 Hotel က တစ်ခန်းလျှင် ကျပ် (၄)သောင်းခွဲအသီးသီး သတ်မှတ်ထားကြောင်း သိရသည်။
stay at home ဒေသများမှ လာရောက်သူများအနေဖြင့် COVID 19 ထပ်မံစစ်ဆေးမှုခံယူရမည်ဖြစ်ရာ မိမိစရိတ်ဖြင့် facility quarantine သို့မဟုတ် hotel quarantine ဝင်နိုင်မည်ဖြစ်ပြီး COVID 19 စစ်ဆေးခကိုလည်း မိမိစရိတ်ဖြင့် ကျခံရမည်ဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~