ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များ အပါအဝင် ကျန်းမာရေးဝန်ထမ်းများအားလုံး စစ်အာရှင်စနစ်ကို လက်မခံ

ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များ အပါအဝင် ကျန်းမာရေးဝန်ထမ်းများအားလုံး စစ်အာရှင်စနစ်ကို လက်မခံ
ဖေဖော်ဝါရီ 7, 2021 | နိုင်ငံရေး| ရှမ်းရှေ့

ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များ အပါအဝင် ကျန်းမာရေးဝန်ထမ်းများအားလုံး စစ်အာရှင်စနစ်ကို လက်မခံ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်းအားလုံးက စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများ၏ CDC (Civil Disobedience Campaign) တွင် ပါဝင်နေကြသဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၆) ရက်နေ့မှစ၍ လူနာသစ်လက်မခံတော့ကြောင်း ထုတ်ပြန်ထားသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာကို သိမ်းလိုက်သည့်အတွက် စစ်အာဏာရှင်လက်အောက်တွင် အလုပ်အလုပ်လိုသည့် ပြည်သူ့ဝန်ထမ်းများက Civil Disobedience Campaign ကို နိုင်ငံနှင့်တစ်ဝန်း လုပ်ဆောင်နေကြခြင်းဖြစ်ရာ ကျိုင်းတုံပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများလည်း ပါဝင်လုပ်ဆောင်လာခြင်းဖြစ်သည်။



စစ်တပ်က လူနာများအနေဖြင့် တပ်မတော်ဆေးရုံတွင် ကုသမှုခံယူနိုင်ကြောင်း ကြေညာထားပြီးဖြစ်ရာ ကျိုင်းတုံဆေးရုံအနေဖြင့် လက်ရှိလူနာများကိုသာ ကုသပေးပြီး လူနာသစ် လက်မခံတော့ရန်၊ လူနာသစ်များကို တပ်မတော်ဆေးရုံသို့ လွှဲပြောင်းပေးရန်နှင့် ပြည်သူသို့ ပန်ကြားလွှာထုတ်ပြန်ရန် ကျိုင်းတုံပြည်သူ့ဆေးရုံကြီး စီမံကော်မတီက ဇန်နဝါရီလ (၆)ရက်နေ့အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။



စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေးလှုပ်ရှားနေသည့် ကျန်းမာရေးဝန်ထမ်းများအား ပြည်သူများအနေဖြင့် ခံစားနားလည်ပေးကြမည်ဟု ယုံကြည်ပါသည်ဟုလည်း ထုတ်ပြန်ထားသည်။

Tachileik News Agency