ရန်ကုန်ဆိပ်ကမ်းသို့ တရုတ်မှ တရားမဝင် တင်သွင်းလာသည့် ကွန်တိန်နာ (၈)လုံးစာ မုန်လာဥနီများ ဖျက်ဆီးပစ်မည်

ရန်ကုန်ဆိပ်ကမ်းသို့ တရုတ်မှ တရားမဝင် တင်သွင်းလာသည့် ကွန်တိန်နာ (၈)လုံးစာ မုန်လာဥနီများ ဖျက်ဆီးပစ်မည်
အောက်တိုဘာ 3, 2019
By 🌸
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ ထီးတန်းဆိပ်ကမ်းတွင် လွန်ခဲ့သည့် (၈)လကျော်က ခွင့်ပြုချက်မရှိဘဲ တရုတ်နိုင်ငံမှ အအေးခန်းကွန်တိန်နာ (၈) လုံးဖြင့် တင်သွင်းလာသည့် မုန်လာဥနီများကို ပထမအကြိမ် လေလံတင်ပြီးနောက် စားသုံးရန်မသင့်တော့သည့် အခြေအနေဖြစ်လာ၍ ဖျက်ဆီးပစ်ရတော့မည်ဖြစ်ကြောင်း သိရသည်။

“အဲဒီပစ္စည်းတွေက (၈)လကျော်နေပြီ။ ဒါပေမဲ့ အအေးခန်းကွန်တိန်နာဖြစ်လို့ ပျက်စီးမှုတော့ မရှိသေးဘူးပေါ့။ ဖိတဲ့အခြေအနေကြောင့် အောက်ခြေက နည်းနည်းညိုမည်းနေတဲ့ အခြေအနေတွေပဲရှိတယ်။ ပစ္စည်းကတော့ ကောင်းမွန်တဲ့အနေအထားမို့ ကျွန်တော်တို့က လေလံတင်ဖို့ ဆုံးဖြတ်ခဲ့တာ။ အောက်တိုဘာလ (၁)ရက်နေ့က လေလံတင်လိုက်တယ်။ လေလံမအောင်ဘူး။ ဒီတော့ (၂)ရက်နေ့မှာ ဖွင့်ဖေါက် စစ်လိုက်တယ်။ နောက်ထပ် လေလံတင်ဖို့အချိန်ထိ ထားလို့မရဘဲ ဖျက်ဆီးပစ်ရမယ့် အခြေအနေတွေ့လို့ အခုလို ဆုံးဖြတ်လိုက်တာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာဆွေက အောက်တိုဘာလ (၃)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အအေးခန်းကွန်တိန်နာ (၈)လုံးဖြင့် သယ်လာသည့် မုန်လာဥနီများကို လုပ်ငန်းရှင်တစ်ဦးက မြန်မာနိုင်ငံမှ တရားဝင်တင်သွင်းခွင့်မရမီ တရုတ်နိုင်ငံမှ သင်္ဘောဖြင့်သယ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “ ပြောမယ်ဆိုရင်တော့ သက်ဆိုင်ရာဌာနက အရေးယူလို့ရတယ်။ တင်သွင်းခွင့်မရှိဘဲ နိုင်ငံအတွင်း တင်သွင်းလာတယ်ဆိုရင် အကောက်ခွန်ဥပဒေတို့ ကုန်သွယ်ဥပဒေတို့အရ အရေးယူလို့ရတယ်။ သို့သော် ကျွန်တော်တို့ စားသုံးသူရေးရာဦးစီးဌာနကတော့ စားသုံးသူတွေအတွက် ဘေးအန္တရာယ် ကင်းလား၊ မကင်းလားကို ကျွန်တော်တို့က ကြည့်ပါတယ်။ ဘေးအန္တရာယ်ဖြစ်စေတဲ့အခြေအနေ မတွေ့ရလို့ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေ မပျက်စီးအောင် လေလံတင်ထုခွဲရောင်းချတဲ့ လုပ်ငန်းစဉ်ကို လုပ်ခဲ့တာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာဆွေက ပြောသည်။

စိုက်ပျိုးရေးထွက်ကုန်များအား ပြည်တွင်းတင်သွင်းခွင့်ပြုရာ၌ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်နေသည့် တောင်သူများ အခွင့်အရေး ကာကွယ်ရေးနှင့် မရှိမဖြစ် ကုန်စည်ဟုတ်၊ မဟုတ်ကို စိစစ်ခွင့်ပြုလေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ - စားသုံးသူရေးရာ

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ရန္ကုန္ဆိပ္ကမ္းသို႔ တရုတ္မွ တရားမဝင္ တင္သြင္းလာသည့္ ကြန္တိန္နာ (၈)လံုးစာ မုန္လာဥနီမ်ား ဖ်က္ဆီးပစ္မည္
*************
ရန္ကုန္တုိင္းေဒသႀကီး၊ ရန္ကုန္ၿမိဳ႕ ထီးတန္းဆိပ္ကမ္းတြင္ လြန္ခဲ့သည့္ (၈)လေက်ာ္က ခြင့္ျပဳခ်က္မရိွဘဲ တရုတ္ႏုိင္ငံမွ အေအးခန္းကြန္တိန္နာ (၈) လံုးျဖင့္ တင္သြင္းလာသည့္ မုန္လာဥနီမ်ားကို ပထမအႀကိမ္ ေလလံတင္ၿပီးေနာက္ စားသံုးရန္မသင့္ေတာ့သည့္ အေျခအေနျဖစ္လာ၍ ဖ်က္ဆီးပစ္ရေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

“အဲဒီပစၥည္းေတြက (၈)လေက်ာ္ေနၿပီ။ ဒါေပမဲ့ အေအးခန္းကြန္တိန္နာျဖစ္လို႔ ပ်က္စီးမႈေတာ့ မရိွေသးဘူးေပါ့။ ဖိတဲ့အေျခအေနေၾကာင့္ ေအာက္ေျခက နည္းနည္းညိဳမည္းေနတဲ့ အေျခအေနေတြပဲရိွတယ္။ ပစၥည္းကေတာ့ ေကာင္းမြန္တဲ့အေနအထားမို႔ ကၽြန္ေတာ္တုိ႔က ေလလံတင္ဖို႔ ဆံုးျဖတ္ခဲ့တာ။ ေအာက္တိုဘာလ (၁)ရက္ေန႔က ေလလံတင္လုိက္တယ္။ ေလလံမေအာင္ဘူး။ ဒီေတာ့ (၂)ရက္ေန႔မွာ ဖြင့္ေဖါက္ စစ္လုိက္တယ္။ ေနာက္ထပ္ ေလလံတင္ဖို႔အခ်ိန္ထိ ထားလို႔မရဘဲ ဖ်က္ဆီးပစ္ရမယ့္ အေျခအေနေတြ႔လုိ႔ အခုလို ဆံုးျဖတ္လုိက္တာပါ”ဟု ရန္ကုန္တုိင္းေဒသႀကီး စားသံုးသူေရးရာဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴး ဦးေဇယ်ာေဆြက ေအာက္တိုဘာလ (၃)ရက္ေန႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အေအးခန္းကြန္တိန္နာ (၈)လံုးျဖင့္ သယ္လာသည့္ မုန္လာဥနီမ်ားကို လုပ္ငန္းရွင္တစ္ဦးက ျမန္မာႏုိင္ငံမွ တရားဝင္တင္သြင္းခြင့္မရမီ တရုတ္ႏုိင္ငံမွ သေဘၤာျဖင့္သယ္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 “ ေျပာမယ္ဆိုရင္ေတာ့ သက္ဆုိင္ရာဌာနက အေရးယူလုိ႔ရတယ္။ တင္သြင္းခြင့္မရိွဘဲ ႏုိင္ငံအတြင္း တင္သြင္းလာတယ္ဆိုရင္ အေကာက္ခြန္ဥပေဒတို႔ ကုန္သြယ္ဥပေဒတုိ႔အရ အေရးယူလုိ႔ရတယ္။ သို႔ေသာ္ ကၽြန္ေတာ္တုိ႔ စားသံုးသူေရးရာဦးစီးဌာနကေတာ့ စားသံုးသူေတြအတြက္ ေဘးအႏၱရာယ္ ကင္းလား၊ မကင္းလားကို ကၽြန္ေတာ္တုိ႔က ၾကည့္ပါတယ္။ ေဘးအႏၱရာယ္ျဖစ္ေစတဲ့အေျခအေန မေတြ႔ရလို႔ တင္သြင္းလာတဲ့ ကုန္ပစၥည္းေတြ မပ်က္စီးေအာင္ ေလလံတင္ထုခြဲေရာင္းခ်တဲ့ လုပ္ငန္းစဥ္ကို လုပ္ခဲ့တာပါ”ဟု ရန္ကုန္တုိင္းေဒသႀကီး စားသံုးသူေရးရာဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴး ဦးေဇယ်ာေဆြက ေျပာသည္။

စိုက္ပ်ိဳးေရးထြက္ကုန္မ်ားအား ျပည္တြင္းတင္သြင္းခြင့္ျပဳရာ၌ ျပည္တြင္း၌ စိုက္ပ်ိဳးထုတ္လုပ္ေနသည့္ ေတာင္သူမ်ား အခြင့္အေရး ကာကြယ္ေရးႏွင့္ မရိွမျဖစ္ ကုန္စည္ဟုတ္၊ မဟုတ္ကို စိစစ္ခြင့္ျပဳေလ့ရိွျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထိုက္
ဓါတ္ပံု - စားသံုးသူေရးရာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net