Writen by
Tachileik News Agency
2:15:00 PM
-
0
Comments
တိုင်ဖွန်း Hagibis စတင်ဝင်ရောက်လာသည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံအလယ်ပိုင်း၌ အနည်းဆုံးတစ်ဦးသေဆုံးကာ လူပေါင်းများစွာ ဒဏ်ရာရရှိနပြေီဖြစ်သည်။တိုင်ဖွန်းမှာ ဂျပန်နိုင်ငံသို့ ချဉ်းကပ်လာချိန်တွင် အားနည်းလာပြီဖြစ်သော်လည်း လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၁၂၂)မိုင်နှုန်းဖြင့် အန္တရာယ်ရှိမှု အမြင့်ဆုံးဖြစ်နေဆဲဖြစ်သည်။
တိုင်ဖွန်း Hagibis သည် ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ဂျပန်နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်း ဟွန်ရှုးကျွန်းဒေသတစ်ဝိုက် စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး တိုကျိုနှင့် ဂျပန်နိုင်ငံ တောင်ပိုင်းတွင် တစ်နာရီလျှင် (၆၂)မိုင်မှ မိုင် (၈၀)နှုန်းဖြင့် တိုက်ခတ်ဖွယ်ရှိကာ မုန်တိုင်းကြောင့် မိုးသည်းထန်ပြီး ရကြေီးဖွယ်လည်းရှိသည်ဟု ခန့်မှန်းထားသည်။
တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ဖွယ်ရှိသည့် ခန့်မှန်းချက်ရသည်နှင့် လူထုအား အသိပေးနှိုးဆော်ခြင်း၊ အရေးပေါ် ကယ်ဆယ်ရေးများအတွက် ပြင်ဆင်ခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများက လုပ်ဆောင်ခဲ့ကြခြင်းဖြစသ်ည်။
တိုကျိုနှင့် အနီးတဝိုက် လေဆိပ်များတွင် လေကြောင်းခရီးစဉ်များကို တနင်္ဂေနွနေ့အထိ ဖျက်သိမ်းထားသည့်အပြင် တိုကျို၊ နာဂိုယာနှင့် အိုဆာကာတို့တွင် ကျည်ဆံရထားများအပါအဝင် ရထားခရီးစဉ်များကိုလည်း ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။
ကန်တို၊ ချိဘနှင့် တိုကျိုဒေသများရှိ အိမ်ထောင်စုပေါင်း တစ်သောင်းကျော်မှာ လျှပ်စစ်မီးပြတ်တောက်သွားသည်ဟု သိရသည်။
မုန်တိုင်းစတင်ဝင်ရောက်စဉ် သေဆုံးသွားသူမှာ ချိဘဒေသမှ အသက် (၄၉)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မုန်တိုင်းတိုက်ခတ်စဉ် ကားအတွင်းရှိနခြေင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မုန်တိုင်းဝင်ရောက်ဖွယ်ရှိသည့်ဒေသများတွင် နေအိမ်အဆောက်အဦများ လေဒဏ်ခံနိုင်စေရန်၊ ရကြေီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် ပြင်ဆင်ခြင်း၊ ပြည်သူများက အစားအသောက်များအပါအဝင် ဘေးကင်းလုံခြုံသည့် နေရာများ ပြင်ဆင်ခြင်း၊ မိုးလေဝသသတင်းများ၊ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်မှုနှင့် သဘာဝဘေးအတွင်း ဆောင်ရန်ရှောင်ရန်များကို တောက်လျှောက် အသိပေးချက် ထုတ်ပြန်နခြေင်း၊ အရေးပေါ်ကာလအတွင်း ပြည်သူများအနဖြေင့် ဆက်သွယ်အကူအညီတောင်းနိုင်ရန် စီစဉ်ပေးခြင်းများ၊ မုန်တိုင်းဝင်ရောက်ချိန်တွင် အရေးပေါ်သုံးနိုင်ရန် ဆက်သွယ်ရေးကုမ္ပဏီများက အင်တာနက် ဝိုင်ဖိုင်များ အခမဲ့ရယူသုံးစွဲနိုင်ရန် စီစဉ်ပေးထားခြင်း စသည်တို့ကို ပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်။
Tachileik News Agency
Ref; Ref: CNN, Guardian, NBC
ဂျပန်တွင် တိုင်ဖွန်း Hagibis စတင်ဝင်ရောက်နေပြီး အနည်းဆုံး တစ်ဦးသေပြီး လူပေါင်းများစွာ ဒဏ်ရာရရှိ
တိုင်ဖွန်း Hagibis စတင်ဝင်ရောက်လာသည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံအလယ်ပိုင်း၌ အနည်းဆုံးတစ်ဦးသေဆုံးကာ လူပေါင်းများစွာ ဒဏ်ရာရရှိနေပြီဖြစ်သည်။
တိုင်ဖွန်း Hagibis သည် ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ဂျပန်နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်း ဟွန်ရှုးကျွန်းဒေသတစ်ဝိုက် စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး တိုကျိုနှင့် ဂျပန်နိုင်ငံ တောင်ပိုင်းတွင် တစ်နာရီလျှင် (၆၂)မိုင်မှ မိုင် (၈၀)နှုန်းဖြင့် တိုက်ခတ်ဖွယ်ရှိကာ မုန်တိုင်းကြောင့် မိုးသည်းထန်ပြီး ရေကြီးဖွယ်လည်းရှိသည်ဟု ခန့်မှန်းထားသည်။
တိုကျိုနှင့် အနီးတဝိုက် လေဆိပ်များတွင် လေကြောင်းခရီးစဉ်များကို တနင်္ဂနွေနေ့အထိ ဖျက်သိမ်းထားသည့်အပြင် တိုကျို၊ နာဂိုယာနှင့် အိုဆာကာတို့တွင် ကျည်ဆံရထားများအပါအဝင် ရထားခရီးစဉ်များကိုလည်း ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။
မုန်တိုင်းစတင်ဝင်ရောက်စဉ် သေဆုံးသွားသူမှာ ချိဘဒေသမှ အသက် (၄၉)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မုန်တိုင်းတိုက်ခတ်စဉ် ကားအတွင်းရှိနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မုန်တိုင်းဝင်ရောက်ဖွယ်ရှိသည့်ဒေသများတွင် နေအိမ်အဆောက်အဦများ လေဒဏ်ခံနိုင်စေရန်၊ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် ပြင်ဆင်ခြင်း၊ ပြည်သူများက အစားအသောက်များအပါအဝင် ဘေးကင်းလုံခြုံသည့် နေရာများ ပြင်ဆင်ခြင်း၊ မိုးလေဝသသတင်းများ၊ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်မှုနှင့် သဘာဝဘေးအတွင်း ဆောင်ရန်ရှောင်ရန်များကို တောက်လျှောက် အသိပေးချက် ထုတ်ပြန်နေခြင်း၊ အရေးပေါ်ကာလအတွင်း ပြည်သူများအနေဖြင့် ဆက်သွယ်အကူအညီတောင်းနိုင်ရန် စီစဉ်ပေးခြင်းများ၊ မုန်တိုင်းဝင်ရောက်ချိန်တွင် အရေးပေါ်သုံးနိုင်ရန် ဆက်သွယ်ရေးကုမ္ပဏီများက အင်တာနက် ဝိုင်ဖိုင်များ အခမဲ့ရယူသုံးစွဲနိုင်ရန် စီစဉ်ပေးထားခြင်း စသည်တို့ကို ပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်။

No comments
Post a Comment
Note: Only a member of this blog may post a comment.