လိုင်စင်မဲ့ကားစီးမှုနှင့်အတူ လဝကအမှုဖြင့် ဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသား ပြစ်ဒဏ်စေ့၍ တာချီလိတ်မှ တဆင့် မယ်ဆိုင်သို့ ပြည်နှင်

လိုင်စင်မဲ့ကားစီးမှုနှင့်အတူ လဝကအမှုဖြင့် ဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသား ပြစ်ဒဏ်စေ့၍ တာချီလိတ်မှ တဆင့် မယ်ဆိုင်သို့ ပြည်နှင်
အောက်တိုဘာ 7, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံအကျဉ်းထောင်တွင် ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ကျခံနေသည့် ထိုင်းနိုင်ငံသားတစ်ဦး ပြစ်ဒဏ်စေ့ပြီဖြစ်၍ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့ နေ့လယ် (၂)နာရီခွဲက တာချီလိတ်မြို့ရှိ နှစ်နိုင်ငံချစ်ကြည်ရေးတံတား (၁)မှ တဆင့် ပြည်နှင်ဒဏ်ပေးလိုက်သည်။

အဆိုပါ ထိုင်းနိုင်ငံသား ပါဖောင်ကောင် (Papha Korn) အား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၅)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲဝန်းကျင်က တာချီလိတ်မြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ပြီး မြန်မာ နိုင်ငံတွင်းသို့ ပြည်ဝင်ခွင့်အထောက်အထားမပါဘဲ ဝင်ရောက်လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁) ကျူး/၁၃(၁)အရ အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်၊ ပို့ကုန်သွင်းကုန်ဥပဒေအရ အလုပ်နှင့်ထောင်ဒဏ် (၆) ချမှတ်ခံထားရခြင်းဖြစ်သည်။

၎င်းမှာ အကျဉ်းထောင်ပြစ်ဒဏ်လျှော့ရက်ခံစားခွင့်များအရ ပြစ်ဒဏ်စေ့ပြီဖြစ်၍ ပြည်နှင်ဒဏ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားအား တာချီလိတ်မြို့ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁)ရှိ လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ (၆)က ထိုင်းနိုင်ငံဘက်မှ လူဝင်မှုကြီးကြပ်ရေးအဖွဲ့သို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

လိုင္စင္မဲ့ကားစီးမႈႏွင့္အတူ လ၀ကအမႈျဖင့္ ဖမ္းဆီးခံရသည့္ ထိုင္းႏုိင္ငံသား ျပစ္ဒဏ္ေစ့၍ တာခ်ီလိတ္မွ တဆင့္ မယ္ဆိုင္သို႔ ျပည္ႏွင္

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုအက်ဥ္းေထာင္တြင္ ေထာင္ဒဏ္တစ္ႏွစ္ ျပစ္ဒဏ္က်ခံေနသည့္ ထုိင္းႏုိင္ငံသားတစ္ဦး ျပစ္ဒဏ္ေစ့ၿပီျဖစ္၍ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၇)ရက္ေန႔ ေန႔လယ္ (၂)နာရီခြဲက တာခ်ီလိတ္ၿမိဳ႕ရိွ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးတံတား (၁)မွ တဆင့္ ျပည္ႏွင္ဒဏ္ေပးလုိက္သည္။

အဆိုပါ ထုိင္းႏုိင္ငံသား ပါေဖာင္ေကာင္ (Papha Korn) အား ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၅)ရက္ေန႔ ေန႔လယ္ (၁၂)နာရီခြဲဝန္းက်င္က တာခ်ီလိတ္ၿမိဳ႕တြင္ လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္တစ္စီးနွင့္အတူ ဖမ္းဆီးရမိျခင္းျဖစ္ၿပီး ျမန္မာ ႏိုင္ငံတြင္းသို႔ ျပည္ဝင္ခြင့္အေထာက္အထားမပါဘဲ ဝင္ေရာက္လာသည္ကို စစ္ေဆးေတြ႔ရိွရသျဖင့္ ျမန္မာႏိုင္ငံ လူဝင္မႈႀကီးၾကပ္ေရး (လတ္တေလာျပဌာန္းခ်က္မ်ား) အက္ဥပေဒပုဒ္မ ၃(၁) က်ဴး/၁၃(၁)အရ အလုပ္ႏွင့္ ေထာင္ဒဏ္တစ္ႏွစ္၊ ပို႔ကုန္သြင္းကုန္ဥပေဒအရ အလုပ္ႏွင့္ေထာင္ဒဏ္ (၆) ခ်မွတ္ခံထားရျခင္းျဖစ္သည္။

၎မွာ အက်ဥ္းေထာင္ျပစ္ဒဏ္ေလွ်ာ့ရက္ခံစားခြင့္မ်ားအရ ျပစ္ဒဏ္ေစ့ၿပီျဖစ္၍ ျပည္ႏွင္ဒဏ္ေပးလုိက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ထုိင္းႏုိင္ငံသားအား တာခ်ီလိတ္ၿမိဳ႕ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား (၁)ရိွ လူဝင္မႈႀကီးၾကပ္ေရး ဒုတိယဌာနခြဲ (၆)က ထုိင္းႏုိင္ငံဘက္မွ လူဝင္မႈႀကီးၾကပ္ေရးအဖြဲ႕သို႔ လႊဲေျပာင္းေပးလုိက္ျခင္းျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net