မိုင်းယောင်းမြို့နယ်အတွင်း ပန်မန်းတွင် အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ

မိုင်းယောင်းမြို့နယ်အတွင်း ပန်မန်းတွင် အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ
အောက်တိုဘာ 13, 2020
By Tachileik News Agency
မိုင်းယောင်းမြို့နယ်အတွင်း ပန်မန်းတွင် အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ဟောင်ကြန့်ကျေးရွာအုပ်စုတွင် အမျိုးသမီးတစ်ဦးအား  စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ၍ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်အတွင်း ဟောင်ကြန့်ကျေးရွာအုပ်စု ပန်မန်းကျေးရွာရှိ နေအိမ်အား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့က ၂၀၂၀ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ကြကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေစစ်ဆေးရာ နေအိမ်တွင် အီဘွန်းပင်း ဆိုသူအား တွေ့ရပြီး နေအိမ်အတွင်း ဆက်လက် စစ်ဆေးရှာဖွေရာက နေအိမ်၏ အပေါ်ထပ် ဘုရားစင်အနီးရှိ လော်စပီကာအောက်တွင် Wy စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၄၀၀)ပြားကို ရှာဖွေတွေ့ရှိ၍ မိုင်းယောင်းမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရှိရသည်။

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~