ရှမ်းပြည်နယ်တွင်းမှ ကိုယ်ဝန်ဆောင်နှင့် အသက် (၂)နှစ်အောက် ကလေးငယ်များကို ၂၀၂၀ ခုနှစ်၊ ဧပြီ (၁)ရက်နေ့မှစ၍ လစဉ် (၁၅၀၀၀) ထောက်ပံ့ပေးမည်

ရှမ်းပြည်နယ်တွင်းမှ ကိုယ်ဝန်ဆောင်နှင့် အသက် (၂)နှစ်အောက် ကလေးငယ်များကို ၂၀၂၀ ခုနှစ်၊ ဧပြီ (၁)ရက်နေ့မှစ၍ လစဉ် (၁၅၀၀၀) ထောက်ပံ့ပေးမည်
အောက်တိုဘာ 27, 2019
By Tachileik News Agency
ရှမ်းပြည်နယ်တွင်းမှ ကိုယ်ဝန်ဆောင်နှင့် အသက် (၂)နှစ်အောက် ကလေးငယ်များကို ၂၀၂၀ ခုနှစ်၊ ဧပြီ (၁)ရက်နေ့မှစ၍ လစဉ် (၁၅၀၀၀) ထောက်ပံ့ပေးမည်

ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား တစ်လလျှင် ကျပ် (၁၅,ဝဝဝ) လစဉ်ထောက်ပံ့သည့် အစီအစဉ်ကို ဘဏ္ဍာနှစ်အလိုက် ထပ်တိုးဆောင်ရွက်နေရာ ရှမ်းပြည်နယ်အတွင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှစ၍ ထောက်ပံ့တော့မည်ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း ကောက်ယူထားသောစာရင်းများအရ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ် (၁၅၀,ဝဝဝ)ရှိနပြေီး ထောက်ပံ့ငွေ ကျပ်ငွေ (၂၄) ဘီလီယံ သုံးစွဲရမည်ဖြစ်သည်။

"၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်ကစပြီးတော့ ရှမ်းပြည်နယ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေကစပြီးတော့ သူတို့က မွေးဖွားလာတဲ့ အသက် (၂) နှစ်အောက်ကလေးတွေကို ငွေကြေးထောက်ပံ့ပေးမယ့် အစီအစဉ်တွေ ရှိပါတယ်။ ခန့်မှန်း တစ်သိန်းခွဲနီးပါးရှိပါတယ်။ (၂၄) ဘီလီယံလောက် ထောက်ပံ့ဖို့စီစဉ်ထားပါတယ်။ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှာ မွေးဖွားတဲ့သူ၊ ကိုယ်ဝန်ရှိတဲ့သူတွေကို စပြီးတော့ တစ်ယောက်ကို (၁၅,ဝဝဝ) နှုန်းထောက်ပံ့မယ်။ ထောက်ပံ့ကြေးကို (၃) လတစ်ကြိမ်ပေးမယ်။ ကမ္ဘာဘဏ်ရန်ပုံငွေနဲ့က ၂၀၂၂- ၂၀၂၃ အထိ ထောက်ပံ့ပေးသွားမှာပေါ့။ နောက်ပိုင်းက နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေပေါ်မူတည်ပြီး ထောက်ပံ့သွားမှာပေါ့" ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များကို လစဉ်ငွေကြေးထောက်ပံ့ခြင်းအပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ငွေကြေးထောက်ပံ့ပေးမှုအပြင် အဟာရနှင့်သက်ဆိုင်သည့် အသိပညာပေးမှုများ၊ သားဆက်ခြားဆိုင်ရာ အသိပညာပေးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

လစဉ်ငွေကြေးထောက်ပံ့ရေးအစီအစဉ်အတွက် ကျေးရွာ (၂) ရွာလျှင် စေတနာ့ဝန်ထမ်း တစ်ယောက်နှုန်း ထားရှိမည်ဖြစ်ရာ စေတနာ့ဝန်ထမ်းများကို သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အသက် (၅) နှစ်အောက်ကလေးငယ်များ ပုညှက်မှုနှုန်းမှာ ချင်းပြည်နယ်တွင် (၄၀.၃) ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၃၇.၉) ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်တွင် (၃၄.၇) ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် (၃၄.၃) ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်တွင် (၃၀.၁) ရာခိုင်နှုန်းရှိနေကြောင်း Myanmar Micronutrient and Food Consumption (MMFCS) မှ ထုတ်ပြန်သည့် ၂၀၁၇-၂၀၁၈ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ရေး အစီအစဉ်ကို အဟာရဆိုင်ရာအညွှန်းကိန်းနိမ့်ကျနေသည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်၌ အသက်မွေးဝမ်းကြောင်းနှင့် စားနပ်ရိက္ခါဖူလုံရေးရန်ပုံငွေအဖွဲ့၏ ရန်ပုံငွဖြေင့် စတင်ဆောင်ရွက်ပြီး လက်ရှိတွင် နိုင်ငံတော်အစိုးရဘတ်ဂျက်ဖြင့် ဆက်လက်ပံ့ပိုးနခြေင်းဖြစ်သည်။

ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့၌ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အစိုးရရန်ပုံငွဖြေင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်မည့် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွက် နိုင်ငံတော်အစိုးရ ရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းသက်သာသည့် ချေးငွေတို့ဖြင့် အကောင်အထည်ဖော်မည်ဖြစ်သည်။

အဆိုပါအစီအစဉ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းအကောင်အထည်ဖော်မည်ဖြစ်သည်။

Tachileik News Agency
သတင်း ဟန်စိုးထိုက်


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ရွမ္းျပည္နယ္တြင္းမွ ကိုယ္ဝန္ေဆာင္ႏွင့္ အသက္ (၂)ႏွစ္ေအာက္ ကေလးငယ္မ်ားကို ၂၀၂၀ ခုႏွစ္၊ ဧၿပီ (၁)ရက္ေန႔မွစ၍ လစဥ္ (၁၅၀၀၀) ေထာက္ပံ့ေပးမည္

ကိုယ္ဝန္ေဆာင္မိခင္ႏွင့္ အသက္(၂)ႏွစ္ေအာက္ကေလးငယ္မ်ားအား တစ္လလွ်င္ က်ပ္ (၁၅,၀၀၀) လစဥ္ေထာက္ပံ့သည့္ အစီအစဥ္ကို ဘ႑ာႏွစ္အလုိက္ ထပ္တိုးေဆာင္ရြက္ေနရာ ရွမ္းျပည္နယ္အတြင္း ၂၀၂၀ ခုႏွစ္၊ ဧၿပီလ (၁)ရက္ေန႔မွစ၍ ေထာက္ပံ့ေတာ့မည္ျဖစ္သည္။

ရွမ္းျပည္နယ္အတြင္း ေကာက္ယူထားေသာစာရင္းမ်ားအရ ကိုယ္ဝန္ေဆာင္မိခင္မ်ားနွင့္ အသက္ (၂) နွစ္ေအာက္ ကေလးသူငယ္ (၁၅၀,၀၀၀)ရိွေနၿပီး ေထာက္ပံ့ေငြ က်ပ္ေငြ (၂၄) ဘီလီယံ သံုးစြဲရမည္ျဖစ္သည္။

"၂၀၁၉ -၂၀၂၀ ဘ႑ာေရးႏွစ္ကစၿပီးေတာ့ ရွမ္းျပည္နယ္မွာ ကိုယ္ဝန္ေဆာင္မိခင္ေတြကစၿပီးေတာ့ သူတို႔က ေမြးဖြားလာတဲ့ အသက္ (၂) ႏွစ္ေအာက္ကေလးေတြကို ေငြေၾကးေထာက္ပံ့ေပးမယ့္ အစီအစဥ္ေတြ ရိွပါတယ္။ ခန္႔မွန္း တစ္သိန္းခြဲနီးပါးရိွပါတယ္။ (၂၄) ဘီလီယံေလာက္ ေထာက္ပံ့ဖို႔စီစဥ္ထားပါတယ္။ ၂၀၂၀ ခုနွစ္၊ ဧၿပီလ (၁) ရက္ေန႔မွာ ေမြးဖြားတဲ့သူ၊ ကိုယ္ဝန္ရိွတဲ့သူေတြကို စၿပီးေတာ့ တစ္ေယာက္ကို (၁၅,၀၀၀) ႏႈန္းေထာက္ပံ့မယ္။ ေထာက္ပံ့ေၾကးကို (၃) လတစ္ႀကိမ္ေပးမယ္။ ကမၻာဘဏ္ရန္ပံုေငြနဲ႔က ၂၀၂၂- ၂၀၂၃ အထိ ေထာက္ပံ့ေပးသြားမွာေပါ့။ ေနာက္ပိုင္းက ႏိုင္ငံေတာ္ဘတ္ဂ်က္ရန္ပံုေငြေပၚမူတည္ၿပီး ေထာက္ပံ့သြားမွာေပါ့" ဟု လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးနွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေအာင္ေက်ာ္မိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကိုယ္ဝန္ေဆာင္မိခင္မ်ားႏွင့္ ကေလးငယ္မ်ားကို လစဥ္ေငြေၾကးေထာက္ပံ့ျခင္းအျပင္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးနွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနႏွင့္ က်န္းမာေရးဝန္ႀကီးဌာနတို႔ ပူးေပါင္းၿပီး ေငြေၾကးေထာက္ပံ့ေပးမႈအျပင္ အဟာရႏွင့္သက္ဆိုင္သည့္ အသိပညာေပးမႈမ်ား၊ သားဆက္ျခားဆိုင္ရာ အသိပညာေပးမႈမ်ား ေဆာင္ရြက္ေပးသြားမည္ျဖစ္သည္။

လစဥ္ေငြေၾကးေထာက္ပံ့ေရးအစီအစဥ္အတြက္ ေက်းရြာ (၂) ရြာလွ်င္ ေစတနာ့ဝန္ထမ္း တစ္ေယာက္ႏႈန္း ထားရိွမည္ျဖစ္ရာ ေစတနာ့ဝန္ထမ္းမ်ားကို သင္တန္းပို႔ခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ အသက္ (၅) နွစ္ေအာက္ကေလးငယ္မ်ား ပုညႇက္မႈႏႈန္းမွာ ခ်င္းျပည္နယ္တြင္ (၄၀.၃) ရာခိုင္ႏႈန္း၊ ဧရာဝတီတိုင္းေဒသႀကီးတြင္ (၃၇.၉) ရာခိုင္ႏႈန္း၊ ရခိုင္ျပည္နယ္တြင္ (၃၄.၇) ရာခိုင္ႏႈန္း၊ ကရင္ျပည္နယ္တြင္ (၃၄.၃) ရာခိုင္ႏႈန္း၊ ရွမ္းျပည္နယ္တြင္ (၃၀.၁) ရာခိုင္ႏႈန္းရိွေနေၾကာင္း Myanmar Micronutrient and Food Consumption (MMFCS) မွ ထုတ္ျပန္သည့္ ၂၀၁၇-၂၀၁၈ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

ကိုယ္ဝန္ေဆာင္မိခင္မ်ားႏွင့္ အသက္ (၂)ႏွစ္ေအာက္ ကေလးသူငယ္မ်ားအား ေငြေၾကးေထာက္ပံ့ေရး အစီအစဥ္ကို အဟာရဆုိင္ရာအညႊန္းကိန္းနိမ့္က်ေနသည့္ ခ်င္းျပည္နယ္၊ ရခုိင္ျပည္နယ္ႏွင့္ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားတြင္ ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္၌ အသက္ေမြးဝမ္းေၾကာင္းႏွင့္ စားနပ္ရိကၡာဖူလံုေရးရန္ပံုေငြအဖြဲ႔၏ ရန္ပံုေငြျဖင့္ စတင္ေဆာင္ရြက္ၿပီး လက္ရိွတြင္ ႏုိင္ငံေတာ္အစိုးရဘတ္ဂ်က္ျဖင့္ ဆက္လက္ပံ့ပိုးေနျခင္းျဖစ္သည္။

ကရင္ျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔၌  ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္တြင္ ႏုိင္ငံေတာ္အစိုးရရန္ပံုေငြျဖင့္ အေကာင္အထည္ေဖၚခဲ့ျခင္းျဖစ္ၿပီး ၂၀၁၉ - ၂၀၂၀ ဘ႑ာႏွစ္တြင္ အေကာင္အထည္ေဖၚမည့္ ရွမ္းျပည္နယ္ႏွင့္ ဧရာဝတီတုိင္းေဒသႀကီးတုိ႔အတြက္ ႏုိင္ငံေတာ္အစိုးရ ရန္ပံုေငြႏွင့္ ကမၻာ့ဘဏ္၏ အတိုးႏႈန္းသက္သာသည့္ ေခ်းေငြတုိ႔ျဖင့္ အေကာင္အထည္ေဖၚမည္ျဖစ္သည္။

အဆိုပါအစီအစဥ္ကို လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးနွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက သက္ဆုိင္ရာဌာနမ်ားျဖင့္ ပူးေပါင္းအေကာင္အထည္ေဖၚမည္ျဖစ္သည္။

Tachileik News Agency
သတင္း ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net