ရှမ်းပြည်နယ်အတွင်း ကုန်တင်ယာဉ်များ ဝင်ထွက်မှုကို အောက်တိုဘာလ(၁၄)နေ့အထိ ကန့်သတ်မှုအား ပူးပေါင်းဆောင်ရွက်ကြရန် ပြည်နယ်အစိုးရ တိုက်တွန်း

ရှမ်းပြည်နယ်အတွင်း ကုန်တင်ယာဉ်များ ဝင်ထွက်မှုကို အောက်တိုဘာလ(၁၄)နေ့အထိ ကန့်သတ်မှုအား ပူးပေါင်းဆောင်ရွက်ကြရန် ပြည်နယ်အစိုးရ တိုက်တွန်း
အောက်တိုဘာ 7, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ကုန်တင်ယာဉ်များ ဝင်ထွက်မှုကို အောက်တိုဘာလ(၁၄)နေ့အထိ ကန့်သတ်မှုအား ပူးပေါင်းဆောင်ရွက်ကြရန် ပြည်နယ်အစိုးရ တိုက်တွန်း
ရှမ်းပြည်နယ်အတွင်း ကုန်တင်ယာဉ်များကို ကန့်သတ်မှုလုပ်ဆောင်ထားသည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့အတွင်း COVID 19 ကူးစက်ခံရမှု မရှိပါက ကုန်စည်စီးဆင်းမှုကို ပိုမိုချောမွေ့စေရန် ပြန်လည်ဖြေလျော့ပေးနိုင်မည်ဖြစ်၍ ကုန်တင်ယာဉ်မောင်းနှင့် ကုန်သည်၊ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ကြရန် ပြည်နယ်အစိုးရအဖွဲ့က တိုက်တွန်းလိုက်သည်။
"တကယ်တမ်းကျရင် ရန်ကုန်က ဝင်လာတဲ့သူအများစုက ရောဂါပါလာတယ်။ ဒီတော့ ကျွန်တော်တို့ ရှမ်းပြည်နယ် အတွင်းကို မကူးစက်အောင်ထိန်းဖို့လိုတယ်။ ရှမ်းပြည်နယ်က ကြီးပေမဲ့ ဒီနေ့အချိန်ထိ ကူးစက်မှုမရှိအောင် ထိန်းထားနိုင်တယ်။ ဒါကို ဆက်ထိန်းထားနိုင်အောင် ကျွန်တော်တို့ ကြိုးစားရမယ်။ ကုန်တင်ယာဉ်တွေကို ဒီ (၁၄)ရက်အတွင်း ကန့်သတ်လိုက်တာကို အများစုက ကြိုက်ပေမဲ့ ကုန်တင်ယာဉ်တွေ၊ လုပ်ငန်းရှင်တွေကတော့ နှောင့်နှေးသွားတဲ့ အခက်အခဲတွေတော့ရှိမယ်။ ဒါတွေအပေါ်မှာ နားလည်ပေးဖို့တော့ လိုပါတယ်။"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်တွင် အောက်တိုဘာလ (၂) ရက်နေ့မှစ၍ ပြည်နယ်တွင်းရောက်နေသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား RDT ( Rapid Antigen Diagnostic Test kit ) ဖြင့် စစ်ဆေးပေးနေရာ အောက်တိုဘာလ (၅)ရက်နေ့ ညနေ (၅)နာရီအထိ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း (၉)ဦးတွင် Positive တွေ့ထားပြီး နောက်ထပ် ကုန်တင်ယာဉ် အစီးရေ (၁၆၀၀)ခန့်ကို ဆက်လက်စစ်ဆေးပေးနေခြင်းဖြစ်သည်။
"ကုန်တင်ယာဉ်တွေက ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေကို test kit နဲ့ စစ်ပေးတယ်ဆိုပေမဲ့ false negative ရှိနိုင်တယ်။ ကိုယ်ခံအားကောင်းတဲ့သူတွေမှာ positive ပြချင်မှပြတဲ့အတွက် quarantine ကိုသတ်မှတ်တာ။ ဥပမာ မနေ့ကပဲ မူဆယ်မှာ test kit နဲ့စစ်လိုက်တယ်။ ဒရိုင်ဘာက postivie ၊ စပယ်ယာက negative။ ဒါနဲ့ မဖြစ်နိုင်ဘူးဆိုပြီး စပယ်ယာကို ဆေးရုံက စက်နဲ့ပြန်စစ်မှ positive ဖြစ်နေတာကို တွေ့ရတယ်။ ဒါတွေကြောင့် test kit နဲ့စစ်ပေးလိုက်ပြီး Negative ဖြစ်ကြောင်း ထောက်ခံစာပေးလိုက်တာနဲ့ အကုန်လုံးကို လွတ်လွတ်လပ်လပ် ပေးသွားလိုက်လို့ မဖြစ်ပြန်ဘူး။ ဒါကြောင့် quarantine ကို သတ်မှတ်ရတာပါ။ quarantine သတ်မှတ်တာကိုလည်း လူတွေကမကြိုက်ကြပေမဲ့ ပြည်နယ်တွင်း COVID ကူးစက်ခံရတာမရှိအောင် ထိန်းဖို့အတွက် လိုအပ်ပါတယ်။ (၁၄)ရက်လောက် တင်းတင်းကြပ်ကြပ်လုပ်နိုင်လို့ ဒီဟာကို ထိန်းထားနိုင်တယ်ဆိုရင် အလုပ်တွေမြန်မြန်ပြန်စလို့ရမယ်။ ဒါကြောင့် ပြည်သူတွေ အထူးသဖြင့် ကုန်တင်ယာဉ်မောင်းတွေ၊ ကုန်သည်၊ လုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်စေချင်တယ်"ဟု ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က အောက်တိုဘာလ (၅)ရက်နေ့က ပြောသည်။ 
ရှမ်းပြည်နယ်တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ အောက်တိုဘာလ(၁၄)ရက်နေ့အတွင်း ပြည်နယ်တွင်းဝင်မည့် ကုန်တင်ယာဉ်၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနေဖြင့် COVID 19 ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ ဝင်ခွင့်ပြုမည်ဖြစ်သည့်အပြင် Stay at Home ဒေသများမှ လာရောက်သူများဖြစ်ပါက ယာဉ်မောင်းလဲလှယ်မောင်းနှင်ခြင်း သို့မဟုတ် facility quarantine ဝင်ရမည်ဖြစ်သည်။
ယင်းအပြင် ပြည်နယ်တွင်းမှ ကျန်းမာရေးထောက်ခံချက်ဖြင့် ထွက်သွားမည့် ကုန်တင်ယာဉ်၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များလည်း ပြည်နယ်တွင်း ပြန်ဝင်ပါက (၁၄) ရက် facility quarantine ဝင်ကြရမည်ဖြစ်သည်။ 
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~