မိုးဗြဲကို အင်အားရာဂဏန်းဖြင့် ထိုးစစ်ဆင်သည့် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများကို မဟာမိတ်တပ်ဖွဲ့များ သိမ်းဆည်းရမိ

မိုးဗြဲကို အင်အားရာဂဏန်းဖြင့် ထိုးစစ်ဆင်သည့် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများကို မဟာမိတ်တပ်ဖွဲ့များ သိမ်းဆည်းရမိ
By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ်နှင့်နယ် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲကို အင်အားရာဂဏန်းဖြင့် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၀)ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိသည်ဟု မိုးဗြဲ PDF က စက်တင်ဘာလ (၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို  မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊  KNDF၊ KA၊ URF၊ နေပြည်တော် PDF၊ KGZ တို့က တစ်နေကုန် တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်သား (၁၀) ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများလည်း အများအပြားရှိပြီး မဟာမိတ်အဖွဲ့ဘက်က (၃) ဦးဒဏ်ရာရသည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ MA1 - ၂ လက်၊ MA2 - ၃ လက်၊ MA3 - ၄ လက်၊ ငါးကြင်းမြီး - ၁ လက်၊ ကျည်ဘောက် ၂၃ ဘောက်၊ 79 အသီး ၁၂ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၂ လုံး၊ ၆၀မမ ၃၃ လုံး၊ RPGအသီး ၁၀ လုံး၊ ငါးကြင်းမှီးကျည် ၃၂၆ ထောင့်၊ M16 ကျည် 2080 ထောင့်၊ ဖုန်း ၄ လုံး၊ Keypetဖုန်း ၁ လုံး၊ Taplet ၁ လုံး၊ ပိုက်ဆံ ၆၇၀၀၀ ကျပ် ကိုသိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင်လည်း  ပူးပေါင်းမဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေသောကြောင့် ပြည်သူများအနေဖြင့် အသွားအလာမလုပ်ကြရန် ထပ်မံသတိပေးထားသည်။