တာခ်ီလိတ္တြင္ တရားဝင္မွတ္ပံုတင္မရိွ ေဆးဝါးေရာင္းခ်မႈမရိွေစေရး ေဆာင္ရြက္မည္

တာခ်ီလိတ္တြင္ တရားဝင္မွတ္ပံုတင္မရိွ ေဆးဝါးေရာင္းခ်မႈမရိွေစေရး ေဆာင္ရြက္မည္
စက်တင်ဘာ 5, 2019
By 🌸
ထုိင္းႏုိင္ငံႏွင့္နယ္စပ္ေဒသျဖစ္သည့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ေဆးဝါးဆိုင္မ်ားတြင္ ျမန္မာႏိုင္ငံ၌ တရားဝင္မွတ္ပံုတင္ထားျခင္းမရိွသည့္ ေဆးဝါးမ်ားေရာင္းခ်ေနမႈမ်ား ပေပ်ာက္ေရး ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ျပည္နယ္ FDA ထံမွ သိရသည္။

"ဒါက နယ္စပ္ေဒသျဖစ္တဲ့အတြက္ လံုးလံုးႀကီး (၁၀၀) ရာခိုင္ႏႈန္း မွတ္ပံုမတင္ထားတဲ့ ေဆးေတြမရိွရဘူး ဆိုၿပီးေတာ့ ျဖစ္ဖို႔ရာ အခြင့္အလမ္းေတာ့ နည္းတာေပါ့။ အဓိကလုပ္ေနတာက တျဖည္းျဖည္းနဲ႔ ပေပ်ာက္ သြားေအာင္ လုပ္ရမွာေပါ့။ အခုလုပ္ေနတာက စီမံခန္႔ခြဲမႈနည္းလမ္းအရ ေဆးဆိုင္ေတြကို ေျဖေလွ်ာ့ေပးတဲ့ အေနနဲ႔ ပထမဆံုး မွတ္ပံုတင္မထားတဲ့ေဆးေတြ၊ သက္တမ္းလြန္ေဆးေတြ အမ်ားႀကီးေတြ႕မယ္ဆိုရင္ ပထမအႀကိမ္ (၃) လပိတ္သိမ္းမယ္။ ဒုတိယတစ္ႀကိမ္ ထပ္ေတြ႕လို႔ရိွရင္ (၆) လေပါ့။ တတိယတစ္ႀကိမ္ ေတြ႕တယ္ဆိုရင္ အမ်ိဳးသားေဆးဝါးဥပေဒနဲ႔ အေရးယူမွာ ျဖစ္ပါတယ္"ဟု ရွမ္းျပည္နယ္အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန ဦးစီးအရာရိွ(ေဆးဝါး) ေဒၚနီလာဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာႏိုင္ငံတြင္ မွတ္ပံုတင္မထားသည့္ ေဆးဝါးမ်ားေရာင္းခ်ပါက ေထာင္ဒဏ္ (၇) နွစ္၊ ေငြဒဏ္ က်ပ္ (၅၀,၀၀၀) မွ က်ပ္ (၅၀၀,၀၀၀) အထိျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ႏုိင္ၿပီး တရားဝင္ ေဆးေရာင္းခ်ခြင့္ လိုင္စင္မရိွဘဲ ေရာင္းခ်ပါက ေထာင္ဒဏ္ (၇) နွစ္၊ ေငြဒဏ္ က်ပ္ (၅၀,၀၀၀) မွ က်ပ္ (၅၀၀,၀၀၀) အထိျဖစ္ေစ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ႏိုင္မည္ျဖစ္သည္။

"ေဆးဆိုင္အေနအထားက သတ္မွတ္ထားတဲ့ အက်ယ္အဝန္းရိွရမယ္။ ေဆးဝါးေတြကိုလည္း သတ္မွတ္ထားတဲ့ ထားသိုပံုအတိုင္း ထားရမယ္။ အေရးႀကီးဆံုးက ေဆးဆိုင္ေတြမွာ ေရာင္းခ်ခြင့္မရိွတဲ့ ေဆးဝါးေတြကို ေဆးဆိုင္ေတြအေနနဲ႔ လံုး၀ေရာင္းခ်ခြင့္ မရိွပါဘူး။ ျမန္မာႏိုင္ငံမွာ ေဆးဝါးမွတ္ပံုတင္ အမွတ္မရိွတဲ့ေဆးေတြ၊ ေနာက္တစ္ခုက စပ္ေဆးေတြ၊ တရားမဝင္ တင္သြင္းလာတဲ့ေဆးေတြ၊ သက္တမ္းလြန္ေနတဲ့ေဆးေတြ ဒါေတြကို လံုးဝေရာင္းခ်ခြင့္မရိွပါဘူး"ဟု ရွမ္းျပည္နယ္အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန ဦးစီးအရာရိွ ေဒါက္တာရြဲႏွင္းေဝက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဆးဆိုင္မ်ားတြင္ေရာင္းခ်ေနသည့္ ေဆးမ်ားတြင္ တရားဝင္မွတ္ပံုတင္ထားျခင္းရိွ၊ မရိွကို စစ္ေဆးလိုပါက ေဆးဗူးမ်ားတြင္ ရိုက္ႏွိပ္ထားသည့္ ေရွ႕တြင္ ဂဏန္း (၄) လံုး၊ အလယ္တြင္ (A) သို႔မဟုတ္ (AA) သို႔မဟုတ္ (L) အဂၤလိပ္အကၡရာမ်ားႏွင့္ ေနာက္ဆံုးတြင္ ဂဏန္း (၃) လံုး သို႔မဟုတ္ (၄) လံုးပါရိွသည့္ စာတမ္းပါ၊ မပါၾကည့္ရႈ စစ္ေဆးႏုိင္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ တရားဝင္ ေရာင္းခ်ခြင့္ျပဳထားသည့္ ေဆးဝါးဆုိင္ေပါင္း (၆၇)ဆုိင္ရိွေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် တရားဝင်မှတ်ပုံတင်မရှိ ဆေးဝါးရောင်းချမှုမရှိစေရေး ဆောင်ရွက်မည်
*****************
ထိုင်းနိုင်ငံနှင့်နယ်စပ်ဒေသဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဆေးဝါးဆိုင်များတွင် မြန်မာနိုင်ငံ၌ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများရောင်းချနေမှုများ ပပျောက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ် FDA ထံမှ သိရသည်။

"ဒါက နယ်စပ်ဒေသဖြစ်တဲ့အတွက် လုံးလုံးကြီး (၁၀၀) ရာခိုင်နှုန်း မှတ်ပုံမတင်ထားတဲ့ ဆေးတွေမရှိရဘူး ဆိုပြီးတော့ ဖြစ်ဖို့ရာ အခွင့်အလမ်းတော့ နည်းတာပေါ့။ အဓိကလုပ်နေတာက တဖြည်းဖြည်းနဲ့ ပပျောက် သွားအောင် လုပ်ရမှာပေါ့။ အခုလုပ်နေတာက စီမံခန့်ခွဲမှုနည်းလမ်းအရ ဆေးဆိုင်တွေကို ဖြေလျှော့ပေးတဲ့ အနေနဲ့ ပထမဆုံး မှတ်ပုံတင်မထားတဲ့ဆေးတွေ၊ သက်တမ်းလွန်ဆေးတွေ အများကြီးတွေ့မယ်ဆိုရင် ပထမအကြိမ် (၃) လပိတ်သိမ်းမယ်။ ဒုတိယတစ်ကြိမ် ထပ်တွေ့လို့ရှိရင် (၆) လပေါ့။ တတိယတစ်ကြိမ် တွေ့တယ်ဆိုရင် အမျိုးသားဆေးဝါးဥပဒေနဲ့ အရေးယူမှာ ဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးစီးအရာရှိ(ဆေးဝါး) ဒေါ်နီလာဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်မထားသည့် ဆေးဝါးများရောင်းချပါက ထောင်ဒဏ် (၇) နှစ်၊ ငွေဒဏ် ကျပ် (၅၀,၀၀၀) မှ ကျပ် (၅၀၀,၀၀၀) အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး တရားဝင် ဆေးရောင်းချခွင့် လိုင်စင်မရှိဘဲ ရောင်းချပါက ထောင်ဒဏ် (၇) နှစ်၊ ငွေဒဏ် ကျပ် (၅၀,၀၀၀) မှ ကျပ် (၅၀၀,၀၀၀) အထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်မည်ဖြစ်သည်။

"ဆေးဆိုင်အနေအထားက သတ်မှတ်ထားတဲ့ အကျယ်အဝန်းရှိရမယ်။ ဆေးဝါးတွေကိုလည်း သတ်မှတ်ထားတဲ့ ထားသိုပုံအတိုင်း ထားရမယ်။ အရေးကြီးဆုံးက ဆေးဆိုင်တွေမှာ ရောင်းချခွင့်မရှိတဲ့ ဆေးဝါးတွေကို ဆေးဆိုင်တွေအနေနဲ့ လုံးဝရောင်းချခွင့် မရှိပါဘူး။ မြန်မာနိုင်ငံမှာ ဆေးဝါးမှတ်ပုံတင် အမှတ်မရှိတဲ့ဆေးတွေ၊ နောက်တစ်ခုက စပ်ဆေးတွေ၊ တရားမဝင် တင်သွင်းလာတဲ့ဆေးတွေ၊ သက်တမ်းလွန်နေတဲ့ဆေးတွေ ဒါတွေကို လုံးဝရောင်းချခွင့်မရှိပါဘူး"ဟု ရှမ်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာရွဲနှင်းဝေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆေးဆိုင်များတွင်ရောင်းချနေသည့် ဆေးများတွင် တရားဝင်မှတ်ပုံတင်ထားခြင်းရှိ၊ မရှိကို စစ်ဆေးလိုပါက ဆေးဗူးများတွင် ရိုက်နှိပ်ထားသည့် ရှေ့တွင် ဂဏန်း (၄) လုံး၊ အလယ်တွင် (A) သို့မဟုတ် (AA) သို့မဟုတ် (L) အင်္ဂလိပ်အက္ခရာများနှင့် နောက်ဆုံးတွင် ဂဏန်း (၃) လုံး သို့မဟုတ် (၄) လုံးပါရှိသည့် စာတမ်းပါ၊ မပါကြည့်ရှု စစ်ဆေးနိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် တရားဝင် ရောင်းချခွင့်ပြုထားသည့် ဆေးဝါးဆိုင်ပေါင်း (၆၇)ဆိုင်ရှိကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net