တာချီလိတ်ခရိုင်အတွင်း ကျန်းမာရေးအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းသုံး အထောက်အကူပြု ပစ္စည်းများ ပူးပေါင်း လှူဒါန်းနိုင်

တာချီလိတ်ခရိုင်အတွင်း ကျန်းမာရေးအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းသုံး အထောက်အကူပြု ပစ္စည်းများ ပူးပေါင်း လှူဒါန်းနိုင်
မတ် 17, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်း ကျန်းမာရေးအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းသုံး အထောက်အကူပြု ပစ္စည်းများ ပူးပေါင်း လှူဒါန်းနိုင်

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ခရိုင်ပြည်သူ့ဆေးရုံတွင် သီးသန့် စောင့်ကြည့်ကုသခန်း အပါအဝင် လိုအပ်သည်များ ပြင်ဆင်ထားပြီး ရောဂါကာကွယ်ရေးလုပ်ငန်းအတွက် အထောက်အကူပြုပစ္စည်းများ လှူဒါန်းလိုသူများ အနေဖြင့်လည်း ကျန်းမာရေးဌာနသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်သည် ရောဂါကူးစက်ခံထားရသူ ချောင်းဆိုး၊ နှာချေရာမှ ထွက်လာသည့် ဗိုင်းရပ်စ်များက အနီး ဝန်းကျင်တွင် ပျံ့နှံ့ပြီး ဗိုင်းရပ်စ်ရှိနေသည့် အရာဝတ္ထုပစ္စည်းကို ထိမိသည့် လက်မှတစ်ဆင့် ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးတို့မှတစ်ဆင့် ကူးစက်စေသဖြင့် လူနာနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ကုသရေးအတွက် လိုအပ်သည့်ပစ္စည်းများ ပံ့ပိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သွေးပေါင်ချိန်တိုင်းတဲ့ဟာ၊ ကိုယ်အပူချိန်တိုင်းတဲ့ ပစ္စည်းတွေ၊ သွေးပေါင်ချိန်တိုင်းတဲ့ဟာတွေက ဟိုလူတိုင်းလိုက်၊ ဒီလူတိုင်းလိုက်ဆို ထိတွေ့မှုတွေ ရှိတာပေါ့။ လူနာရှိလာရင် တစ်ယောက်တစ်လုံး သုံးတာ ပိုကောင်းမလားပေါ့။ သူကပျက်လွယ်တော့ ဒီဂျစ်တယ်သွေးပေါင်ချိန်တဲ့ဟာတွေ လှူရင်ကောင်းမယ်။ လက်ဆေးဆပ်ပြာရည်တို့၊ နှာခေါင်းစည်းတို့ကလည်း ကျွန်တော်တို့ အမြဲဝယ်ဖြည့်နေရတယ်။ Hand Gel တို့၊ လက်ဆေးဆပ်ပြာရည်တို့ကို လူနာတွေရဲ့ ကုတင်ခြေရင်းတွေမှာ ထားပေးနိုင်ရင် ကောင်းတာပေါ့။ သူတို့ နှာရည်ယိုလို့ နှာခေါင်းညှစ်လိုက်ပြီး လက်ဆေးမှ ကောင်းမှာပေါ့။ အေးလို့ လက်ရေ မဆေးချင်ရင် Hand Sanitizer လေး ပွတ်ထားလိုက်ပေါ့။ PPE တွေလည်း လိုအပ်တာပေါ့။ အဲဒါတွေက တစ်ခါသုံးပြီးရင် ထပ်သုံးလို့ မရတော့ဘူး။ သူကမီးရှို့ ပစ်ရမှာဆိုတော့။ လူနာကုတင်ခြေရင်းတွေမှာ အမှိုက်ပုံးလေးတွေ ချထားပေးရင်လည်း ကောင်းတာပဲ။ ခြေထောက်စွပ်ဖို့ Boot တွေလည်း လိုတာပေါ့။ တကယ်လို့ အတည်ပြုလူနာဆိုရင် Boot တွေက ပိုးသတ်မနေဘဲ မီးရှို့ပစ်တာ ကောင်းတာပေါ့။ မဟုတ်ရင် သူက အန္တရာယ်များတာကိုး။ သူ့ကို ကလိုရင်းနဲ့ ဆေးရမှာပေါ့။ ဆေးပြီးပြန်ဝတ်ဆို ဘယ်သူမှ ပြန်ဝတ်ချင်မှာ မဟုတ်ဘူး

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၁၆)ရက်နေ့က ပြောသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံရှိ သီးသန့်စောင့်ကြည့်ကုသခန်းတွင် ၂၀၂၀ ခုနှစ် မတ်လ (၁၆)ရက်နေ့က စောင့်ကြည့်လူနာ (၁)ဦးနှင့် စောင့်ကြည့်လူနာဖြင့် အနီးကပ်ရှိနေသူ (၁)ဦးတို့အား စောင့်ကြည့်ကုသပေးနေပြီး ဓါတ်ခွဲခန်းအဖြေစောင့်ဆိုင်းနေခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းများအတွက် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဆေး၊ လူမှုဆက်ဆံရေးမှူး ဦးစိုးနိုင်၏ ဖုန်း 0949035486 သို့ ဆက်သွယ်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~