လာအိုလျှပ်စစ်မီးကို သုံးစွဲနေရသည့် တာလေ - ကျိုင်းလပ်မြို့တို့တွင် တစ်နေကုန် လျှပ်စစ်မီး ပြတ်တောက်မည်

လာအိုလျှပ်စစ်မီးကို သုံးစွဲနေရသည့် တာလေ - ကျိုင်းလပ်မြို့တို့တွင် တစ်နေကုန် လျှပ်စစ်မီး ပြတ်တောက်မည်
မေ 16, 2022 | ရှမ်းရှေ့

မြန်မာ - လာအို နယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်အတွင်းရှိ တာလေ နှင့် ကျိုင်းလပ်မြို့များတွင် ၂၀၂၂ခုနှစ် မေလ(၁၈)ရက်နေ့တွင် တစ်နေကုန် လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

"၁၈.၅.၂၀၂၂ ရက်နေ့ နံနက် ၈း၀၀ နာရီ မှ  ညနေ ၅း၀၀ နာရီ ထိ လျှပ်စစ်မီးလိုင်းအား ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း အသိပေးလာ၍ မီးသုံးစွဲသူများ သိရှိစေရန် အသိပေးအပ်ပါသည်။" တာလေ/ကျိုင်းလပ်၂၄ နာရီ မြို့မီးလင်းရေးရုံးက အသိပေးကြေညာထားသည်ကို တွေ့ရသည်။

တာချီလိတ်မြို့နယ်အတွင်ဖြစ်သည့် တာချီလိတ်မြို့ပေါ် ရပ်ကွက်(၁၁)ခု နှင့် ကျေးရွာအုပ်စုများတွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို ရယူ သုံးစွဲနေခြင်း ဖြစ်သလို မြို့နယ်အတွင်းရှိ တာလေ နှင့် ကျိုင်းလပ်မြို့တို့သည် လာအိုနိုင်ငံက လျှပ်စစ်မီးကို ရယူအသုံးပြုနေရသည့် မြို့ဖြစ်၍ လျှပ်စစ်မီး ပေးသည့် တဖက်နိုင်ငံက စက်ပိုင်းဆိုင်ရာပြုပြင်ရန် ကိစ္စများ ရှိပါက လျှပ်စစ်ပြတ်တောက်လေ့ရှိသလို သဘာဝဘေးကြောင့်လည်း ပြတ်တောက်လေ့ရှိသည်။

#TachileikNewsAgency