ရွမ္းျပည္နယ္အေရွ႕ပိုင္း ခရိုင္(၃)ခုတြင္ ၂၀၁၉ ခုႏွစ္အတြင္း မူးယစ္မႈျဖင့္ တရားရင္ဆုိင္ေနရသည့္ ကေလးငယ္မ်ားရွိေန

ရွမ္းျပည္နယ္အေရွ႕ပိုင္း ခရိုင္(၃)ခုတြင္ ၂၀၁၉ ခုႏွစ္အတြင္း မူးယစ္မႈျဖင့္ တရားရင္ဆုိင္ေနရသည့္ ကေလးငယ္မ်ားရွိေန
စက်တင်ဘာ 25, 2019
By Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံု၊ တာခ်ီလိတ္ႏွင့္ မိုင္းဆတ္ခရိုင္တို႔ရိွ တရားရံုးအသီးသီးတြင္ ၂၀၁၉ ခုႏွစ္ အတြင္း မူးယစ္မႈျဖင့္ တရားရင္ဆုိင္ေနရသည့္ အသက္ (၁၈)ႏွစ္ေအာက္ ကေလးငယ္ (၅) ဦးရိွေနၿပီး အဆုိပါ ကေလးငယ္မ်ားအတြက္ လူမႈဝန္ထမ္းဦးစီးဌာနက ကူညီေဆာင္ရြက္ေပးမႈမ်ားရိွေနေၾကာင္း သိရသည္။

"သက္ဆိုင္ရာ တရားရံုးေတြမွာ ကေလးေတြက ျပစ္မႈနဲ႔ေရာက္လာရင္ ကၽြန္မတို႔ လူမႈဝန္ထမ္းဦးစီးဌာနအေနနဲ႔ ခရိုင္တရားရံုးေတြကို ဒီကေလးသူငယ္နဲ႔ပတ္သက္ၿပီးေတာ့ ကိုယ္ေရးရာဇဝင္တင္ဖို႔ စာေရာက္လာတယ္ေပါ့။ ကၽြန္မတို႔က ကြင္းဆင္းၿပီးေတာ့ ကေလးရဲ႕အေျခအေန၊ ပတ္ဝန္းက်င္ရဲ႕ အေျခအေန၊ ကေလး ေက်ာင္းေနတယ္ဆို ေက်ာင္းရဲ႕အေျခအေန၊ ကေလးရဲ႕အက်င့္စာရိတၱ၊ ကေလးရဲ႕စိတ္ပိုင္းဆိုင္ရာေပါ့။ ဒါကို မိဘကခိုင္းလို႔ လုပ္တာလား၊ သူကိုယ္တိုင္က လုပ္တာလား၊ ဒါက ပထမဆံုးအႀကိမ္လားဆိုတာ ကြင္းဆင္းၿပီး စံုစမ္းၿပီး အစီရင္ခံစာကို တရားရံုးကို ျပန္တင္ျပတာေပါ့။ အမိန္႔ခ်မွတ္တာေတာ့ တရားသူႀကီးက ခ်မွတ္တာ ျဖစ္ပါတယ္"ဟု က်ဳိင္းတံုခရိုင္ လူမႈ၀န္ထမ္းဦးစီးဌာနရံုးမွ ဒုတိယညႊန္ၾကားေရးမွဴး ေဒၚခင္ခင္ျမင့္တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၄)ရက္ေန႔တြင္ ေျပာသည္။

ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ရပိုင္ခြင့္မဆံုးရံႈးေစေရးအတြက္ ကေလးငယ္မ်ား တရားရင္ဆုိင္ရခ်ိန္တြင္ လူမႈဝန္ထမ္းဦးစီးဌာနက တင္ျပေပးရန္ တာဝန္ရိွျခင္းျဖစ္သည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းခရိုင္ (၃)ခုတြင္ မူးယစ္ေဆးဝါးမႈျဖင့္ ဖမ္းဆီးရမိမႈ ထက္ဝက္ေက်ာ္မွာ လူငယ္မ်ား ျဖစ္ေနၾကသည့္အတြက္ ယင္းတို႔အနက္ အသက္ (၁၆)ႏွစ္ေအာက္ ကေလးမ်ားကို လူမႈဝန္ထမ္းဦးစီးဌာနက အခ်က္အလက္မ်ား စုေဆာင္းၿပီး တရားရံုးတင္ေပးျခင္းကို ေဆာင္ရြက္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

"ဖမ္းဆီးရရိွမႈရဲ႕ (၅၀) ရာခိုင္ႏႈန္းအထက္ေလာက္ေတာ့ရိွပါတယ္ လူငယ္ေတြက။ အခုေနာက္ပိုင္းေတာ့ ဖမ္းဆီးရရိွမႈက နည္းသြားပါတယ္။ ကၽြန္ေတာ္တို႔ေရာက္စက ပိုမ်ားပါတယ္။ က်ိဳင္းတံုမွာဆို လူငယ္ေတြ မူးယစ္ေဆးဝါးသံုးစြဲလို႔ မိတဲ့ကေလးေတြ ပိုမ်ားပါတယ္္"ဟု ဒုတိယျပည္နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး မင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာရ ဥပေဒကို ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၂၃) ရက္ေန႔တြင္ ျပဌာန္းခဲ့ၿပီး ယင္းဥပေဒပုဒ္မ (၃) အပိုဒ္ခြဲ (ခ)တြင္ ကေလးသူငယ္ဆိုသည္မွာ အသက္ (၁၈) နွစ္မျပည့္ေသးေသာသူကို ဆိုသည္ဟု ေဖာ္ျပပါရိွခဲ့ေသာ္လည္း  ၂၀၁၈ ခုနွစ္ ေဖေဖာ္၀ါရီလ (၁၄) ရက္ေန႔တြင္ အသစ္ျပဌာန္းခဲ့သည့္ မူးယစ္ေဆး၀ါးမ်ားနွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆိုင္ရာဥပေဒတြင္ ကေလးသူငယ္ဆိုသည္မွာ အသက္ (၁၆) ႏွစ္ေအာက္ဟု ေဖာ္ျပထားျခင္းျဖစ္သည္။

အသစ္ျပဌာန္းလုိက္သည့္ ကေလးသူငယ္ဆိုင္ရာႏွင့္ပတ္သက္၍ ဆက္စပ္ဌာနမ်ားအား ဥပေဒပိုင္းဆုိင္ရာ အသိေပးရွင္းလင္းျခင္းမ်ား လုပ္ေဆာင္ေနရာတာခ်ီလိတ္ခရိုင္တြင္လည္း ၂၀၁၉ ခုနွစ္၊ ၾသဂုတ္လ (၂၆) ရက္ေန႔က ခရိုင္ကေလးသူငယ္ အခြင့္အေရးဆိုင္ရာ ေကာ္မတီ၏ ပထမဆံုးအႀကိမ္အစည္းအေဝးကို ၿမိဳ႕နယ္စုေပါင္းရံုးတြင္ က်င္းပခဲ့ၿပီးေနာက္ ေအာက္တိုဘာ (၂၄) ရက္ေန႔တြင္ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒအသိပညာေပးေဟာေျပာပြဲကို ခရိုင္လူမႈ၀န္ထမ္းရံုး အစည္းအေ၀းခန္းမတြင္ က်င္းပခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်ခရိုင်တို့ရှိ တရားရုံးအသီးသီးတွင် ၂၀၁၉ ခုနှစ် အတွင်း မူးယစ်မှုဖြင့် တရားရင်ဆိုင်နေရသည့် အသက် (၁၈)နှစ်အောက် ကလေးငယ် (၅) ဦးရှိနပြေီး အဆိုပါ ကလေးငယ်များအတွက် လူမှုဝန်ထမ်းဦးစီးဌာနက ကူညီဆောင်ရွက်ပေးမှုများရှိနေကြောင်း သိရသည်။

"သက်ဆိုင်ရာ တရားရုံးတွေမှာ ကလေးတွေက ပြစ်မှုနဲ့ရောက်လာရင် ကျွန်မတို့ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ခရိုင်တရားရုံးတွေကို ဒီကလေးသူငယ်နဲ့ပတ်သက်ပြီးတော့ ကိုယ်ရေးရာဇဝင်တင်ဖို့ စာရောက်လာတယ်ပေါ့။ ကျွန်မတို့က ကွင်းဆင်းပြီးတော့ ကလေးရဲ့အခြေအနေ၊ ပတ်ဝန်းကျင်ရဲ့ အခြေအနေ၊ ကလေး ကျောင်းနေတယ်ဆို ကျောင်းရဲ့အခြေအနေ၊ ကလေးရဲ့အကျင့်စာရိတ္တ၊ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာပေါ့။ ဒါကို မိဘကခိုင်းလို့ လုပ်တာလား၊ သူကိုယ်တိုင်က လုပ်တာလား၊ ဒါက ပထမဆုံးအကြိမ်လားဆိုတာ ကွင်းဆင်းပြီး စုံစမ်းပြီး အစီရင်ခံစာကို တရားရုံးကို ပြန်တင်ပြတာပေါ့။ အမိန့်ချမှတ်တာတော့ တရားသူကြီးက ချမှတ်တာ ဖြစ်ပါတယ်"ဟု ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်တာချီလိတ် သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ပြောသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ရပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ကလေးငယ်များ တရားရင်ဆိုင်ရချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာနက တင်ပြပေးရန် တာဝန်ရှိခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းခရိုင် (၃)ခုတွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးရမိမှု ထက်ဝက်ကျော်မှာ လူငယ်များ ဖြစ်နကြေသည့်အတွက် ယင်းတို့အနက် အသက် (၁၆)နှစ်အောက် ကလေးများကို လူမှုဝန်ထမ်းဦးစီးဌာနက အချက်အလက်များ စုဆောင်းပြီး တရားရုံးတင်ပေးခြင်းကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

"ဖမ်းဆီးရရှိမှုရဲ့ (၅၀) ရာခိုင်နှုန်းအထက်လောက်တော့ရှိပါတယ် လူငယ်တွေက။ အခုနောက်ပိုင်းတော့ ဖမ်းဆီးရရှိမှုက နည်းသွားပါတယ်။ ကျွန်တော်တို့ရောက်စက ပိုများပါတယ်။ ကျိုင်းတုံမှာဆို လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲလို့ မိတဲ့ကလေးတွေ ပိုများပါတယ်"ဟု ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာရ ဥပဒေကို ၂၀၁၉ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့တွင် ပြဌာန်းခဲ့ပြီး ယင်းဥပဒေပုဒ်မ (၃) အပိုဒ်ခွဲ (ခ)တွင် ကလေးသူငယ်ဆိုသည်မှာ အသက် (၁၈) နှစ်မပြည့်သေးသောသူကို ဆိုသည်ဟု ဖော်ပြပါရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် အသစ်ပြဌာန်းခဲ့သည့် မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေတွင် ကလေးသူငယ်ဆိုသည်မှာ အသက် (၁၆) နှစ်အောက်ဟု ဖော်ပြထားခြင်းဖြစ်သည်။

အသစ်ပြဌာန်းလိုက်သည့် ကလေးသူငယ်ဆိုင်ရာနှင့်ပတ်သက်၍ ဆက်စပ်ဌာနများအား ဥပဒေပိုင်းဆိုင်ရာ အသိပေးရှင်းလင်းခြင်းများ လုပ်ဆောင်နေရာတာချီလိတ်ခရိုင်တွင်လည်း ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့က ခရိုင်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ၏ ပထမဆုံးအကြိမ်အစည်းအဝေးကို မြို့နယ်စုပေါင်းရုံးတွင် ကျင်းပခဲ့ပြီးနောက် အောက်တိုဘာ (၂၄) ရက်နေ့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ခရိုင်လူမှုဝန်ထမ်းရုံး အစည်းအေဝးခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net