မိုင္းပ်ဥ္းတြင္ က်င္းပေနသည့္ ေဆးလိပ္ေငြ႕ကင္းစင္အထိမ္းအမွတ္အားကစားၿပိဳင္ပြဲမ်ား၌ လူဦးေရ (၅၀၀)ေက်ာ္ ပါဝင္ယွဥ္ၿပိဳင္ေန

မိုင္းပ်ဥ္းတြင္ က်င္းပေနသည့္ ေဆးလိပ္ေငြ႕ကင္းစင္အထိမ္းအမွတ္အားကစားၿပိဳင္ပြဲမ်ား၌ လူဦးေရ (၅၀၀)ေက်ာ္ ပါဝင္ယွဥ္ၿပိဳင္ေန
ဇွန် 30, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတုံခရိုင္၊ မိုင္းပ်ဥ္းၿမိဳ႕တြင္ ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တခြင္အထိမ္းအမွတ္ Township Sport Development Program အရ အားကစားၿပိဳင္ပြဲမ်ားကို ၂၀၁၉ ခုႏွစ္ ဇြန္လ (၃၀)ရက္ေန႔တြင္ ဒုတိယေျမာက္ေန႔အျဖစ္ ဆက္လက္က်င္းပေနသည္။

မိုင္းပ်ဥ္းၿမိဳ႕တြင္ ေဘာလံုး၊ ေဘာ္လီေဘာ၊ ပိုက္ေက်ာ္ျခင္းႏွင့္ မီနီမာရသြန္ အားကစား ၿပိဳင္ပြဲမ်ားက်င္းပေနရာ ရပ္ကြက္/ေက်းရြာမ်ားမွ အားကစားသမားမ်ားႏွင့္ ့ ေက်ာင္းသားေက်ာင္းသူ စုစုေပါင္း (၅၃၀) ဦး ပါဝင္ယွဥ္ၿပိဳင္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တခြင္အထိမ္းအမွတ္ Township Sport Development Program အရ အားကစားၿပိဳင္ပြဲမ်ားကို ရွမ္းျပည္နယ္အတြင္း ၿမိဳ႕နယ္အလုိက္က်င္းပေပးေနၿပီး ေဆးလိပ္မေသာက္ဘဲ ေဆးလိပ္ေငြ႕ရႈရိႈက္ေနရသည့္ အမ်ိဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ားအပါအဝင္ တစ္ဆင့္ခံ ေဆးလိပ္ေငြ႕ဒဏ္ခံေနရသူမ်ားကို ကာကြယ္ႏုိင္ရန္၊ မူးယစ္ေဆးဝါးတုိက္ဖ်က္ေရးလုပ္ငန္းတြင္ အေထာက္အကူျဖစ္ေစရန္၊ အမ်ားျပည္သူဆုိင္ရာေနရာမ်ားတြင္ ေဆးလိပ္မေသာက္ျခင္းျဖင့္ အမ်ားျပည္သူအား ေလးစားတတ္သည့္ အမူအက်င့္ေကာင္းမ်ားရရိွေစရန္၊ ေဆးလိပ္ေငြ႕ကင္းစင္ဝန္းက်င္ျဖစ္ေစရန္ႏွင့္ က်န္းမာႀကံ႕ခုိင္သည့္ႏုိင္ငံသားမ်ားျဖစ္ေစရန္ ရည္ရြယ္ခ်က္ျဖင့္ က်င္းပေနျခင္းျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာၾကားသည္။

Tachileik News Agency
Photo: MT

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းပျဉ်းတွင် ကျင်းပနေသည့် ဆေးလိပ်ငွေ့ကင်းစင်အထိမ်းအမှတ်အားကစားပြိုင်ပွဲများ၌ လူဦးရေ (၅၀၀)ကျော် ပါဝင်ယှဉ်ပြိုင်နေ
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တခွင်အထိမ်းအမှတ် Township Sport Development Program အရ အားကစားပြိုင်ပွဲများကို ၂၀၁၉ ခုနှစ် ဇွန်လ (၃၀)ရက်နေ့တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပနေသည်။

မိုင်းပျဉ်းမြို့တွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် မီနီမာရသွန် အားကစား ပြိုင်ပွဲများကျင်းပနေရာ ရပ်ကွက်/ကျေးရွာများမှ အားကစားသမားများနှင့် ့ ကျောင်းသားကျောင်းသူ စုစုပေါင်း (၅၃၀) ဦး ပါဝင်ယှဉ်ပြိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တခွင်အထိမ်းအမှတ် Township Sport Development Program အရ အားကစားပြိုင်ပွဲများကို ရှမ်းပြည်နယ်အတွင်း မြို့နယ်အလိုက်ကျင်းပပေးနေပြီး ဆေးလိပ်မသောက်ဘဲ ဆေးလိပ်ငွေ့ရှုရှိုက်နေရသည့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ဒဏ်ခံနေရသူများကို ကာကွယ်နိုင်ရန်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွင် အထောက်အကူဖြစ်စေရန်၊ အများပြည်သူဆိုင်ရာနေရာများတွင် ဆေးလိပ်မသောက်ခြင်းဖြင့် အများပြည်သူအား လေးစားတတ်သည့် အမူအကျင့်ကောင်းများရရှိစေရန်၊ ဆေးလိပ်ငွေ့ကင်းစင်ဝန်းကျင်ဖြစ်စေရန်နှင့် ကျန်းမာကြံ့ခိုင်သည့်နိုင်ငံသားများဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပနေခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။

Tachileik News Agency
Photo: MT

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net