ဘိန္းအစားထိုးသီးႏံွမ်ား အဆင္မေျပ၍ ႏိုင္ငံေတာ္မွ ခြင့္ျပဳပါက ေဆးေျခာက္စိုက္ပ်ဳိးခြင့္ရရွိရန္ တင္ျပ

ဘိန္းအစားထိုးသီးႏံွမ်ား အဆင္မေျပ၍ ႏိုင္ငံေတာ္မွ ခြင့္ျပဳပါက ေဆးေျခာက္စိုက္ပ်ဳိးခြင့္ရရွိရန္ တင္ျပ
စက်တင်ဘာ 28, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း ေက်းရြာလူထုႏွင့္ ခရိုင္၊ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား ေတြ႔ဆံုပြဲတြင္ ေတာင္ေပၚေက်းရြာမ်ား၌ ေဆးေျခာက္စိုက္ခြင့္ျပဳရန္ ေဒသခံတစ္ဦးက တင္ျပသည္။

"ႏုိင္ငံေတာ္က ရွင္းျပတဲ့အခါမွာ အခုက ဘိန္းစိုက္တဲ့ေတာင္သူ တစ္ေယာက္မွ မရိွေတာ့ဘူး။ အခုက ဘိန္းအစားထိုး တျခားစိုက္တယ္။ ေစ်းကြက္ေတြက မရိွေတာ့ဘူး။ ခြင့္ျပဳမယ္ဆုိရင္ ကၽြန္ေတာ္တုိ႔ ေဆးေျခာက္စိုက္ခ်င္ပါတယ္။ အကယ္၍ ႏုိင္ငံေတာ္က ခြင့္ျပဳမယ့္အခ်ိန္ျဖစ္လာရင္ ကၽြန္ေတာ္တုိ႔ စိုက္ခ်င္ပါတယ္"ဟု ေဒသခံတစ္ဦးက တင္ျပသည္။

ေတာင္ေပၚေဒသေက်းရြာမ်ားတြင္ လမ္းပန္းဆက္သြယ္ေရး၊ ဆက္သြယ္ေရးခက္ခဲၿပီး ဘိန္းအစားထိုးသီးႏွံမွာလည္း ေစ်းကြက္မရိွသျဖင့္ အလုပ္အကိုင္အခြင့္အလမ္းရွားပါးေနျခင္းအား ေျဖရွင္းေပးရန္ ေဒသခံမ်ားက ဌာနဆုိင္ရာမ်ားအား တင္ျပခဲ့ၾကျခင္းျဖစ္သည္။

 "ေဆးေျခာက္ကိုဘယ္မွာ သံုးဖို႔လဲ ဆိုေတာ့ ေဆးဝါးထုတ္လုပ္တဲ့ေနရာမွာသံုးဖို႔ဆိုၿပီး ရည္ရြယ္ခ်က္နဲ႔ စိုက္ဖို႔ဆိုရင္ ႏိုင္ငံေတာ္ကခြင့္ျပဳခ်က္နဲ႔ စိုက္ခြင့္ျပဳတာရိွတယ္။ အဲဒါကဥပေဒျပဌာန္းၿပီးေတာ့ မ်ားမ်ားစားစား စိုက္ဖို႔အထိေတာ့ မေရာက္ေသးဘူး။ ေဆးအျဖစ္အသံုးျပဳဖို႔အတြက္ပဲ ႏိုင္ငံေတာ္က အကန္႔အသတ္နဲ႔ ထိန္းခ်ဳပ္တဲ့ အဆင့္ပဲရိွေသးတယ္"ဟု တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က ေဒသခံမ်ားကို ျပန္လည္ရွင္းျပခဲ့သည္။

ေက်းရြာျပည္သူလူထုႏွင့္ ခရိုင္၊ ၿမို႕နယ္အဆင့္ ဌာနဆိုင္ရာမ်ားေတြ႕ဆံုပြဲကို ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ(၂၅) ရက္ေန႔က ျပဳလုပ္ခဲ့ရာ ေတာင္ေပၚေဒသမ်ားတြင္ စိုက္ပ်ိဳးေျမရွားပါးၿပီး ေလွကားထစ္စိုက္ပ်ိဳးေရးလုပ္ငန္း အနည္းစုသာရိွသျဖင့္ အလုပ္အကိုင္အခြင့္အလမ္းမ်ား နည္းပါးေနကာ ဘိန္းအစားထိုးသီးႏွံမ်ားမွာလည္း စိုက္ပ်ိဳးရ အဆင္မေျပသျဖင့္ ႏိုင္ငံေတာ္မွတရားဝင္ခြင့္ျပဳပါက ေဆးေျခာက္မ်ားစိုက္ပ်ိဳးလိုေၾကာင္း တင္ျပခဲ့ျခင္းျဖစ္သည္။

"မကၠဆီကိုႏိုင္ငံမွာေတာ့ ေဆးေျခာက္ကို တရားဝင္ ခြင့္ျပဳထားတာေပါ့။ ျမန္မာႏိုင္ငံမွာလည္း ခြင့္ျပဳရင္ စိုက္ပ်ိဳးျဖစ္ထြန္းမႈနဲ႔ စီးပြားျဖစ္စိုက္ပ်ိဳးမယ့္ေနရာက ရွမ္းကုန္းျမင့္ေဒသေပါ့။ ခြင့္ျပဳခ်က္ရရင္ ခ်ျပမွာျဖစ္တဲ့အတြက္ အဲဒီက်ရင္စိုက္ၾကေပါ့။ အခုေတာ့စိုက္လို႔မရေသးဘူး"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးလွဦးက ေျပာသည္။ 

ျမန္မာႏွင့္ အိမ္နီးခ်င္းထုိင္းနိုင္ငံတြင္ ေဆးေျခာက္ကို ေဆးဝါးအသံုးျပဳမႈႏွင့္ ေဆးသုေတသနအတြက္ အကန္႔အသတ္ျဖင့္ စိုက္ပ်ိဳးခြင့္ကို မၾကာမီက ခြင့္ျပဳထားျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ စိုက္ပ်ိဳး၊ ထုတ္လုပ္၊ ေရာင္းဝယ္၊ သံုးစြဲမႈမ်ားမွာ တရားဝင္ ခြင့္ျပဳထားျခင္းမရိွေပ။

ေဆးေျခာက္အႏြယ္ဝင္ ေလွ်ာ္ထုတ္လုပ္သည့္ Hemp စိုက္ခင္းကို အေမရိကန္ 3M ကုမၸဏီက မႏၱေလးတိုင္းေဒသႀကီး၊  ျမင္းၿခံခရိုင္၊ ငါန္းဇြန္ၿမို႕နယ္၊ ၿမိဳ႕သာစက္မႈဥယ်ာဥ္စီမံကိန္းတြင္ လာေရာက္ စိုက္ပ်ိဳးသည္ကို ေဆးေျခာက္မ်ားစိုက္သည္ဟုဆိုကာ အေမရိကန္ႏိုင္ငံသား (၁) ဦးႏွင့္ ျမန္မာႏိုင္ငံသား (၂) ဦးတို႔မွာ အမႈရင္ဆုိင္ေနၾကရျခင္းျဖစ္သည္။

အဆိုပါ ကိစၥႏွင့္ပတ္သက္၍ စက္မႈကုန္ၾကမ္းျဖစ္သည့္ Hemp ကို တရားဝင္စိုက္ပ်ိဳးခြင့္ရေရးအတြက္ လႊတ္ေတာ္တြင္ တင္ျပေဆြးေႏြးေနေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ကျေးရွာလူထုနှင့် ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲတွင် တောင်ပေါ်ကျေးရွာများ၌ ဆေးခြောက်စိုက်ခွင့်ပြုရန် ဒေသခံတစ်ဦးက တင်ပြသည်။

"နိုင်ငံတော်က ရှင်းပြတဲ့အခါမှာ အခုက ဘိန်းစိုက်တဲ့တောင်သူ တစ်ယောက်မှ မရှိတော့ဘူး။ အခုက ဘိန်းအစားထိုး တခြားစိုက်တယ်။ ဈေးကွက်တွေက မရှိတော့ဘူး။ ခွင့်ပြုမယ်ဆိုရင် ကျွန်တော်တို့ ဆေးခြောက်စိုက်ချင်ပါတယ်။ အကယ်၍ နိုင်ငံတော်က ခွင့်ပြုမယ့်အချိန်ဖြစ်လာရင် ကျွန်တော်တို့ စိုက်ချင်ပါတယ်"ဟု ဒေသခံတစ်ဦးက တင်ပြသည်။

တောင်ပေါ်ဒေသကျေးရွာများတွင် လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေးခက်ခဲပြီး ဘိန်းအစားထိုးသီးနှံမှာလည်း ဈေးကွက်မရှိသဖြင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးနခြေင်းအား ဖြေရှင်းပေးရန် ဒေသခံများက ဌာနဆိုင်ရာများအား တင်ပြခဲ့ကြခြင်းဖြစ်သည်။

 "ဆေးခြောက်ကိုဘယ်မှာ သုံးဖို့လဲ ဆိုတော့ ဆေးဝါးထုတ်လုပ်တဲ့နေရာမှာသုံးဖို့ဆိုပြီး ရည်ရွယ်ချက်နဲ့ စိုက်ဖို့ဆိုရင် နိုင်ငံတော်ကခွင့်ပြုချက်နဲ့ စိုက်ခွင့်ပြုတာရှိတယ်။ အဲဒါကဥပဒပြေဌာန်းပြီးတော့ များများစားစား စိုက်ဖို့အထိတော့ မရောက်သေးဘူး။ ဆေးအဖြစ်အသုံးပြုဖို့အတွက်ပဲ နိုင်ငံတော်က အကန့်အသတ်နဲ့ ထိန်းချုပ်တဲ့ အဆင့်ပဲရှိသေးတယ်"ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ဒေသခံများကို ပြန်လည်ရှင်းပြခဲ့သည်။

ကျေးရွာပြည်သူလူထုနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ(၂၅) ရက်နေ့က ပြုလုပ်ခဲ့ရာ တောင်ပေါ်ဒေသများတွင် စိုက်ပျိုးမြေရှားပါးပြီး လှေကားထစ်စိုက်ပျိုးရေးလုပ်ငန်း အနည်းစုသာရှိသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးနေကာ ဘိန်းအစားထိုးသီးနှံများမှာလည်း စိုက်ပျိုးရ အဆင်မပြေသဖြင့် နိုင်ငံတော်မှတရားဝင်ခွင့်ပြုပါက ဆေးခြောက်များစိုက်ပျိုးလိုကြောင်း တင်ပြခဲ့ခြင်းဖြစ်သည်။

"မက္ကဆီကိုနိုင်ငံမှာတော့ ဆေးခြောက်ကို တရားဝင် ခွင့်ပြုထားတာပေါ့။ မြန်မာနိုင်ငံမှာလည်း ခွင့်ပြုရင် စိုက်ပျိုးဖြစ်ထွန်းမှုနဲ့ စီးပွားဖြစ်စိုက်ပျိုးမယ့်နေရာက ရှမ်းကုန်းမြင့်ဒေသပေါ့။ ခွင့်ပြုချက်ရရင် ချပြမှာဖြစ်တဲ့အတွက် အဲဒီကျရင်စိုက်ကြပေါ့။ အခုတော့စိုက်လို့မရသေးဘူး"ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦးက ပြောသည်။

မြန်မာနှင့် အိမ်နီးချင်းထိုင်းနိုင်ငံတွင် ဆေးခြောက်ကို ဆေးဝါးအသုံးပြုမှုနှင့် ဆေးသုတေသနအတွက် အကန့်အသတ်ဖြင့် စိုက်ပျိုးခွင့်ကို မကြာမီက ခွင့်ပြုထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းဝယ်၊ သုံးစွဲမှုများမှာ တရားဝင် ခွင့်ပြုထားခြင်းမရှိပေ။

ဆေးခြောက်အနွယ်ဝင် လျှော်ထုတ်လုပ်သည့် Hemp စိုက်ခင်းကို အမေရိကန် 3M ကုမ္ပဏီက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဥယျာဉ်စီမံကိန်းတွင် လာရောက် စိုက်ပျိုးသည်ကို ဆေးခြောက်များစိုက်သည်ဟုဆိုကာ အမေရိကန်နိုင်ငံသား (၁) ဦးနှင့် မြန်မာနိုင်ငံသား (၂) ဦးတို့မှာ အမှုရင်ဆိုင်နကြေရခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ စက်မှုကုန်ကြမ်းဖြစ်သည့် Hemp ကို တရားဝင်စိုက်ပျိုးခွင့်ရရေးအတွက် လွှတ်တော်တွင် တင်ပြဆွေးနွေးနေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net