တံတားပိတ်မည်ဖြစ်သည့်အတွက် မယ်ဆိုင်မြို့ရှိ makro တွင် တာချီလိတ်မှ သွားရောက်ကာ စားသောက်ကုန် ဝယ်ယူသူ များပြား

တံတားပိတ်မည်ဖြစ်သည့်အတွက် မယ်ဆိုင်မြို့ရှိ makro တွင် တာချီလိတ်မှ သွားရောက်ကာ စားသောက်ကုန် ဝယ်ယူသူ များပြား
မတ် 22, 2020
By Tachileik News Agency
တံတားပိတ်မည်ဖြစ်သည့်အတွက် မယ်ဆိုင်မြို့ရှိ makro တွင် တာချီလိတ်မှ သွားရောက်ကာ စားသောက်ကုန် ဝယ်ယူသူ များပြား

COIVD-19 အခြေအနေကြောင့် တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁) တံတားအား မတ်လ (၂၃)ရက်နေ့က စ၍ အကန့်အသတ်မရှိ ယာယီပိတ်မည်ဖြစ်သည့် အတွက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ makro ကုန်တိုက်တွင် တာချီလိတ်မှ သွားရောက်၍ စားသောက်ကုန် နှင့် ကုန်ပစ္စည်းများ ဝယ်ယူနေကြသည့် မတ်လ (၂၂)ရက်နေ့ နံနက်(၉)နာရီခွဲအထိ အခြေအနေဖြစ်ပါသည်။

ယနေ့ နံနက်ပိုင်းတွင် makro သို့ သွားရောက်ဝယ်ယူသူ အများအပြားသည် မြန်မာနိုင်ငံသားများဖြစ်သည်။
 
ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ထိုင်းနိုင်ငံဘက်က ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့တွင် စတင်၍ ချစ်ကြည်ရေးတံတား(၁)အား ပိတ်မည်ဖြစ်သည့်အတွက် မတ်လ(၂၂)ရက်နေ့ ည(၈)နာရီခွဲ အချိန်အထိ သွားလာနိုင်မည်ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - Man Lucky


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~